စတူဒီယိုထဲက သီးသန့်  practice ခန်းထဲမှာ Cello တယော၂ခု ပြိုင်တူ တီးနေတဲ့အသံ က ငြမ့်ငြိမ့်ညောင်းညောင်း နဲ့  သာယာနာပျော်ဖွယ် ထွက်ပေါ်နေတယ်။ Chanyeol နဲ့  မျက်နှာချင်းဆိုင်ထိုင်ပြီး Yixing က cello အတီးသင်နေတာပေါ့။
music production ပိုင်ရှင်နဲ့  Chanyeol က လူရင်းတေလို ဖြစ်နေတာကြောင့် အချိန်မရွေး ကြိုက်တဲ့ရက်လာပြီး practice လုပ်လို့ ရတယ်လေ။ Yixing လက်ရည်က album ထုတ်ဖို့ အဆင်သင့်ဖြစ်တဲ့အခါကျရင် recording စ ရတော့မှာပေါ့။ Chanyeol က Yixing အတွက် ဆရာ ငှားပေးမယ့်အစား သူပဲ သေချာသင်ပေးတယ်။ America မပြန်ခင် Yixing ကို တတ်နိုင်သလောက် သူသင်ပေးချင်တယ်လေ။
Yixing ရဲ့  မျက်လုံးတွေက တယောတီးနေတဲ့ Chanyeol ရဲ့  လက်ချောင်းတွေမှာ ရှိနေပေမယ့် Chanyeol ရဲ့  အကြည့်တွေကတော့ Yixing ရဲ့  မျက်နှာအစိတ်အပိုင်း တခုစီတိုင်းကို သေချာမှတ်သားနေမိတယ်။
မျက်တောင် တိုတိုစိတ်စိတ်လေးတွေ ဝန်းရံထားတဲ့ မျက်ဝန်းလေးက ဖြူ စင်သလောက် ဆွဲဆောင်နိုင်လွန်းတယ်။ တခါတခါ တယောတီးနေရင်း အမှတ်တမဲ့နဲ့  အောက်နှုတ်ခမ်းလေးကို ရှေ့ သွားလေးနှစ်ချောင်းနဲ့  ဖိကိုက်ထားလိုက် ပါးပြင်က ပါးချိုမ့်လေးတွေက ခွက်ဝင်သွားလိုက်နဲ့  သူ့ ပုံက အသည်းယားဖို့ အရမ်းကောင်းနေတာ မသိလေရော့သလား။
မျက်နှာချင်းဆိုင်က Chanyeol က ခိုးကြည့်ရင်းနဲ့  သက်ပြင်းတွေ ချမိတာ အကြိမ်ကြိမ်။
" hyung "
" ဟင် ... အင်း Yixing ပြောလေ "
" ကျနော် ခဏနားမယ်နော် လက်ထိပ်တွေ နာနေလို့  "
ဒီတော့မှ Chanyeol က Yixing ရဲ့  လက်ချောင်းတွေဆီ ကြည့်မိလိုက်တယ်။ လက်ထိပ်တွေမှာ သွေးခြည်ဥ ပြီး နီရဲနေတယ်။
" ဟုတ်သားပဲ နည်းနည်းတောင် ယောင်နေသလားလို့  Yixing က အရမ်းလေ့ကျင့်တာကိုး နေဦး hyung ဒီနားမှာ ဒဏ်ရာလိမ်းဖို့ ဆေးရယ် ပလာစတာရယ် သွားဝယ်လိုက်မယ် ခဏစောင့်နော် "
" ဟုတ် "
Chanyeol က စတူဒီယို ရှိတဲ့ တိုက်ခန်းအပေါ်ထပ်က ခပ်မြန်မြန် ဆင်းလာပြီး အနားမှာရှိတဲ့ ဆေးဆိုင်ဆီ ပြေးသွားတယ်။ အဲ့အချိန်မှာပဲ Yifan ရဲ့ ကားလည်း စတူဒီယို ရှေ့ ကို ရောက်လာတယ်။

YOU ARE READING
နစ် [နစ်]
FanfictionKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...