18. The Storm

1.8K 165 20
                                    

ချစ်ရသူရဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတယ် ဆိုတဲ့ အသိက အိပ်မက်တွေလည်း လှသလို မနက်ခင်းကလည်း သာယာတယ်။ သူအနားမှာရှိရုံနဲ့  အရာရာပြည့်စုံနေတာက ကိုယ့်ဘဝရဲ့  အဓိပ္ပါယ် လို ဖြစ်နေတော့တာ။

စောင်တထည်တည်း အတူခြုံထားတဲ့အတွက် ge ရဲ့ ရင်ခွင်ထဲ တိုးဝင်ရင်း မှေးစက်ရတာ ကိုယ်ငွေ့ လေးကို နွေးနေတာပဲ။ Yixing နိုးနေပေမယ့်လည်း ဆက်ပြီး မှိန်းနေတယ်။ Yifan လည်း အိပ်ယာနိုးပေမယ့် ချက်ချင်း မထသေးပဲ Yixing ရဲ့  နဖူးလေးကို နှုတ်ခမ်းနဲ့  ဖွဖွလေး နမ်းနေတယ်။

လည်ပင်းက အနီအကွက်လေးတွေက သူခပ်နှိပ်ထားတဲ့ တံဆိပ်လေးတွေ။ တစိမ့်စိမ့် ကြည့်ရင်းနဲ့  အသည်းယားလာလို့ ရင်ခွင်ထဲ မြုပ်နေတဲ့ ကိုယ်လုံးလေးကို တင်းကျပ်နေအောင် ဖက်လိုက်တော့ အင့် ခနဲ အသံလေးထွက်လာပြီး အိပ်မှုန်စုံမွှား မျက်နှာလေးက မျက်မှောင်ကျုံ့ ပြီး မျက်လုံးဖွင့်ကြည့်လာတယ်။

" ge ကကွာ... လူကို ပင်ပန်းနေတာကို အေး ဆေး ပေးမအိပ်ဘူး "

" ကလေးလေး မနက် ၉ နာရီ ထိုးပြီကွ "

Yifan က ကုတင်ပေါ် ထထိုင်လိုက်ပြီး လှဲနေတဲ့ Yixing ရဲ့  ပါးပြင်လေးကို ငုံ့ နမ်းလိုက်ကာ ပြောလိုက်တယ်။

ကလေးက အလိုမကျဟန်နဲ့  နှုတ်ခမ်းလေးထော်ရင်း

" သိတယ်လေ "

" သိရင် ထတော့ ge နဲ့  စာနယ်ဇင်းရှင်းလင်းပွဲနေ့ ဝတ်ဖို့  ဝတ်စုံသွားဝယ်မယ်လေ "

" အယ် ! တကယ်နော် ?? "

" အင်းပေါ့ "

" ဒါဆို ရေချိုးမယ် ချီ "

လက်လေးနှစ်ဖက်ကို ဂုတ်ပေါ်ချိတ်လာပြီး ချီိခိုင်းနေတဲ့ ကလေးကို အသာပွေ့ ချီပြီး ရေချိုးခန်းထဲ ခေါ်သွားတယ်။ ထုံးစံအတိုင်း ရေချိုးပေးရဦးမှာပေါ့။

" ge ဒီတခါ ရေမစိမ်တော့ဘူး ရေပန်းအောက်မှာပဲ ချိုးတော့မယ် ge နောက်ကျောကို ဂျီးတွန်းပေး "

သွားတိုက်နေရင်းနဲ့  လူကို အမိန့် ပေးနေတဲ့ ကလေးကြောင့် သူ့ လက်တွေကလည်း ကျောပေါ်ကို အလိုလို ရောက်ပြီးသား။

နစ် [နစ်]Tempat cerita menjadi hidup. Temukan sekarang