Yifan နဲ့ အချိန် ၂ ပတ်ကြာ လေ့ကျင့်ပြီးတဲ့နောက် စစ်းဆေးမယ့်နေ့ ကိုရောက်လာတယ်။ Yixing တယောက်တည်းဆို စိတ်လှုပ်ရှားနေတာကြောင့် Yifan ကပါ ကျောင်းကို အဖော်အဖြစ်လိုက်လာပေးတယ်။
ခန်းမရှေ့ ရောက်တဲ့အထိ Yifan က Cello တယောဗူးကို လွယ်ပေးပြီး လိုက်ပို့ ပေးတယ်လေ။
" ကဲ သွားတော့ အကောင်းဆုံး လက်စွမ်းပြခဲ့ စာမေးပွဲ စစ်နေတယ် scholar အတွက်လူရွေးမယ် ဆိုတာတွေ မေ့ထားလိုက် ဖျော်ဖြေနေတယ်လို့  သဘောထား ဟုတ်ပြီလား "
Yifan က Yixing ရဲ့ ပုခုံးကို ပုတ်ရင်း အားပေးနေပေမယ့် Yixing က ချွေးပြန်နေပြီ။
" ge ကျနော် ထွက်လာတဲ့အထိ စောင့်နေပေးနော် result က ချက်ချင်း ပြောမှာ ဆိုတော့ ကျနော့် ရလာဒ်က ဘာပဲဖြစ်ဖြစ် လက်ခံရမယ်နော် အပြစ်မပြောရဘူး "
" အေးပါကွာ Yixing က တော်ပြီးသားပါ Yixing ကိုမှ မရွေးရင် ဘယ်သူ့ ကို ရွေးမှာလဲ ဘာမှစိတ်မပူနဲ့  ဟုတ်ပြီလား "
" ge ကလည်း အဲလိုပြောတော့ ပိုပြီး စိတ်ဖိစီးတာပေါ့လို့  တကယ်လို့ ကျနော် မရခဲ့ရင် ge စိတ်ပျက်သွားမှာမလား အချိန်ကုန်ခံပြီး သင်ပေးခဲ့ပေမယ့် အရာမထင်ဘူးဆိုပြီး ... "
" no... မဟုတ်ရပါဘူးကွာ ဘာလို့ စိတ်ပျက်ရမှာလဲ အခုမရတော့လည်း ဒီ့ထက်ကြီးမားတဲ့ အောင်မြင်မှု က စောင့်နေမှာပါကွာ နော် ဘာမှ တွေးပူမနေနဲ့  အကောင်းဆုံးဖျော်ဖြေခဲ့ OK! "
Yifan က Yixing ရဲ့ ပုခုံး ၂ ဖက်ကို ကိုင်ပြီး မျက်လုံးချင်း ဆုံရင်း ပြောလိုက်တော့ Yixing စိတ်ထဲ အားရှိသွားတယ်။
" ဟုတ် ကျနော် ကြိုးစားပါ့မယ် "
" OK လိမ္မာတယ် သွားတော့ ge အပြင်မှာစောင့်နေမယ် jia you"
Yifan က သူလွယ်ထားတဲ့ case ကို Yixing ဆီပေးလိုက်ပြီး Yixing ရဲ့ ဆံပင်တွေကို လက်နဲ့ ဖွရင်း ပြောလိုက်တော့မှ Yixing လည်း ပြုံးပြုံးလေးနဲ့  ခေါင်းညိတ်ပြလိုက်တယ်။
" ဟုတ် သွားပြီနော် "
Yixing လည်း ခန်းမထဲဝင်သွားတော့ Yifan က အပြင်က ခုံတန်းလေးမှာ ထိုင်စောင့်နေတယ်။
ESTÁS LEYENDO
နစ် [နစ်]
FanficKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...