9. All of me

3.1K 253 28
                                    

" Yixing ရာ မင်း ဒီလိုတော့ လွယ်လွယ် လက်မလျှော့လိုက်ပါနဲ့ ကွာ "

Luhan တို့ ၃ ယောက် ဝိုင်းပြောတာလည်း Yixing က မတုန်မလှု ပ်ပဲ အဝတ်အစားတွေ ခရီးဆောင် သေတ္တာထဲ စီထည့်နေတယ်။ မပြန်ချင်ဘူး တချိန်လုံးပြောနေတဲ့သူက လေယာဉ်လက်မှတ်တောင် ဝယ်ပြီးပြီ ဆိုတော့ တကယ် ဆုံးဖြတ်လိုက်ပြီ ထင်ပါတယ်။

" Yixing ya ငါ ခရီးထွက်ခါနီး စိတ်မဖြောင့်အောင် မလုပ်စမ်းပါနဲ့ ကွာ ... ငါပြန်လာရင် မင်းမျက်နှာလေး မြင်ချင်သေးတယ် "

Xiumin က ဒီနေ့ ညနေဆို ကျောင်းက အတန်းဖော်တွေနဲ့  ကျောင်းလေ့လာရေးခရီး Busan ကို ၂ရက် သွားရမှာမို့  စိတ်မချနိုင်ပဲ ပြောနေတယ်။

" Yixing hyung စိတ်အလိုမလိုက်ပါနဲ့  ဆုံးဖြတ်ချက်မချခင် သေချာပြန်စဉ်းစားပါ ကိုယ့်စိတ်ကို ညာတာ အဆိုးဆုံးပဲနော် "

Sehun က ပြောနေကျလေသံအတိုင်း အကြီးဆုံးလေသံနဲ့  ပြောနေတယ်။

Yixing ကတော့ ဘာစကားမှပြန်မပြောတော့ပဲ အခန်း ပြတင်းပေါက်ကနေ တဆင့် မြင်နေရတဲ့ ကောင်းကင်ပြာကြီးကို မော့ကြည့်နေတယ်။

သူတို့ ဆက်ပြောလည်း မထူးမှန်းသိတော့ ၃ ယောက်သားအခန်းထဲက ထွက်လာပြီး ဧည့်ခန်းထဲမှာ အကြံထုတ်နေကြတယ်။

Sehun က

" ကျနော်တို့  ပြောလို့ မရရင် သူ့ ကိုနိုင်တဲ့သူကို ပင့်ရမှာပဲ "

" ဘယ်သူလဲ ! "

Luhan နဲ့  Xiumin က နားမလည်သလို မေးလာတော့

" ဘယ်သူရှိမလဲ Yifan hyng ပေါ့ "

" ဟ ဖြစ်မလား ဟိုက မိန်းမနဲ့  ကလေးနဲ့  သူ့ ဘာသာနေပါစေ ငါတို့ က ဗရုတ်သုတ်ခတွေဖြစ်တိုင်း သူ့ ကိုဖုန်းဆက်ရတာ အားနာစရာကြီး အဲ့လောက်ထိလည်း ရင်းနှီးတဲ့ အနေအထားမဟုတ်ဘူး Yixing အကြောင်းလည်း သိရဲ့ သားနဲ့  သူက Yifan ge ကို သဘောကျနေတာ နေမြင့်လေ အရူးရင့်လေ ဖြစ်ကုန်မယ် "

Luhan က အလန့် တကြားပြောပေမယ့် Xiumin က Sehun စကားကို သဘောတူသလို

" ငါတို့  Sehun ပြောသလို လုပ်ကြည့်ရအောင် ဘာပဲပြောပြော Yifan က Yixing အတွက် idol ဆိုလည်း ဟုတ်တာပဲလေ တခြားသံယောဇဉ်တွေ မဟုတ်ပဲနဲ့  သူလေးစားတဲ့သူက ချော့ပြောရင် နားထောင်ရင် နားထောင်မှာပေါ့ "

နစ် [နစ်]Where stories live. Discover now