" Galaxy Group "အထပ် ၃၀ လောက်မြင်တဲ့ ကုမဏ္ဏီ ကြီး ကို လူသွားလမ်းပေါ်ကနေ မော့ပြီးငေးကြည့်ရင်း Yixing ချီတုံချတုံ ဖြစ်နေတယ်။
ကျောင်းမှာ ညနေပိုင်းအချိန်ဆက်တက်ချင်စိတ် မရှိတော့တာနဲ့  Yifan ရဲ့ ကုမဏ္ဏီရှေ့ သွားပြီး ယောင်လည်လည်လုပ်နေမိတယ်။
* ဒီအချိန် Yifan ge ရှိမလား ?? မရှိလောက်တော့ပါဘူးလေ ရုံးဆင်းလောက်ပြီပေါ့ *
သူ စက်ဘီးကိုတွန်းပြီး ပြန်တော့မလို့ ပြင်လိုက်တော့ Yifan ကို ကုမဏ္ဏီထဲက ထွက်လာတာတွေ့ လိုက်တယ်။ သူ့ ကို မြင်တော့ Yifan က ချက်ချင်းမျက်နှာလွှဲသွားပြီး ကားထဲဝင်ထိုင်ကာ မောင်းထွက်သွားတယ်။
* ထားလိုက်ပါ Yixing ရယ် သူ့ ဘဝနဲ့ သူပျော်နေတာကို မဖျက်စီးနဲ့ *
Yixing ခေါင်းငိုက်စိုက်ချရင်း စက်ဘီးကိုတွန်းရင်းသာ ထွက်လာခဲ့တယ်။
Yifan ကားမောင်းနေရင်း နောက်ကြည့်မှန်ထဲမှာ ပေါ်နေတဲ့ Yixing ရဲ့ ပုံရိပ်ကို ကြည့်ရင်း စိတ်တွေလေးလံ နေမိတယ်။
* ကလေးရယ် ge တောင်းပန်ပါတယ် ge ကြောင့် မျှော်လင့်ချက်တွေနဲ့  မပင်ပန်းစေချင်တော့ဘူး ge မရှိလည်း နေတတ်အောင် နေပါကွာ *
ခြေတလှမ်းလှမ်းလိုက်တိုင်း ရင်ထဲမှာစူးနစ်နာကျင်လာတယ်။ Yixing တယောက် သူ့ မျက်ရည်တွေပါးပြင်ပေါ် စီးကျမလာအောင် မိုးပေါ်ကိုမော့ကြည့်ရင်း မျက်တောင်တွေ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်တယ်။
#########################
" ge ကျနော် သဘက်ခါဆို scholarship အတွက် ပြိုင်ပွဲဝင်ရတော့မယ် ge အမြဲတီးပြတတ်တဲ့ Mozart ရဲ့  Symphony in G minor 40 ပြိုင်ရမယ်တဲ့ ge ကျနော့်ကိုလာသင်ပေးပါလား ! "
မလာပါနဲ့ လို့  ကိုယ်တိုင် ပြောလိုက်ပေမယ့် မတွေ့ ရရင် မနေတတ်တော့လို့  SMS ရေးပို့ လိုက်မိတယ်။ delivered သာ ပြသွားတယ် reply တော့ တစောင်မှ ရောက်မလာခဲ့ပါဘူး။
မျက်ရည်တွေ တိတ်တဆိတ်စီးကျရင်း အိပ်မရတဲ့ ညတွေလည်း မရေတွက်နိုင်တော့ပါဘူး။ သူ ကြိုးစားထိမ်းချုပ်နေရက်နဲ့ ချစ်တဲ့စိတ်က လျော့မသွားပဲ ပိုတိုးလာတယ်။ မြင်ရက်နဲ့  မမြင်ချင်ယောင်ဆောင်သွားတဲ့ Yifan ရဲ့ ပုံရိပ်တွေက စွန့် ပစ်ခံလိုက်ရသလို နာကျင်စေတယ်။

KAMU SEDANG MEMBACA
နစ် [နစ်]
Fiksi PenggemarKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...