26. Loss

2K 185 23
                                    

နွေဦးရာသီနေ့ လည်ခင်းတွေဆို Yixing တို့  ၃ ယောက် ခြံထဲက မြက်ခင်းပြင်ပေါ် ဖြာလေးခင်းရင်း ထိုင်ကြ စကားပြောဖြစ်ကြတယ်။ Yifan က ဖျာပေါ်ထိုင် Yixing က Yifan ရဲ့  ပေါင်ပေါ်ခေါင်းအုံးပြီး ပက်လက်လှန်ကာ Yifan သီချင်းခပ်တိုးတိုး ညည်းတာကို နားထောင်နေတတ်တယ်။ Chanyeol က လည်း သူတို့ နဲ့ အတူထိုင်ပြီး ဂစ်တာတီးပေးတယ်။

နေသာတဲ့နေ့ တွေမှာ ခြံဝင်းအုတ်တံတိုင်းတလျှောက် စိုက်ထားတဲ့ စက္ကူ ပန်း ခရမ်းရောင် နဲ့  ပန်းရောင်လေးတွေကလည်း လေပြည်တိုက်ခက်မှုမှာ ယိမ်းနွဲ့ နေကြတယ်။ ကောင်းကင်ကလည်း ပြာလဲ့ပြီး တိမ်မျှင်လေးတွေ ဟိုတစ ဒီတစ တွေ့ နေရတယ်။

Yifan က သူ့ ပေါင်ပေါ် ခေါင်းအုံးပြီး လှဲနေတဲ့ Yixing ရဲ့  နဖူးပေါ်အုပ်နေတဲ့ လှိုင်းတွန့် ဆံပင် ပျော့ပျော့လေးတွေကို လက်ချောင်းရှည်ရှည်တွေနဲ့  အသာဖယ်ရင်း သီချင်းအေးအေးလေးတွေ ဆိုပြတိုင်း ဒီကောင်လေး တမှေးတော့ အိပ်ပျော်သွားတတ်တယ်။

သူ တရေးနိုးလာပြီဆို အခန်းထဲက ကုတင်ပေါ်မှာ သက်တောင့်သက်သာ နိုးလာမြဲ။ Yifan က အမြဲတမ်း အိပ်ခန်းထဲ က ကုတင်ပေါ် ပွေ့ ပြီးတင်ထားပေးတတ်တယ်လေ။

အိပ်ခန်းရဲ့  နံရံပေါ်ကို လှမ်းကြည့်တိုင်း မြင်ရတဲ့
ပန်းချီကားလေးထဲက နေကြာပန်းလေးဟာ တပွင့်တည်းမို့ အထီးကျန် နေပေမယ့် နေရောင်ကိုတော့ အပြည့်အဝ ရနေပါတယ်။ သူ လိုချင်တောင့်တနေတဲ့ တစင်းတည်းသော နေမင်းရဲ့  အလင်းရောင်ပေါ့။

တသက်လုံး မိုးသောက်ကနေ နေဝင်ချိန်အထိ နေမင်းရှိတဲ့ဘက်ကို မျက်နှာမူရင်း ရှင်သန်နေတဲ့ နေကြာပန်းလေးအတွက် နေမင်းရဲ့ အလင်းရောင်ထက် ပိုအရေးကြီးတာ ဘာများရှိဦးမှာလဲ။ နေကြာပန်း ဆိုတာ ဘယ်နေရာ ရောက်ရောက် ကောင်းကင်ထက်က တစင်းတည်းသော နေမင်း ကိုပဲ မျှော်ကြည့်ရင်း ရှင်သန်ကြတာလေ။

နေကြာပန်းလေးရဲ့  တိုတောင်းတဲ့ သက်တန်းအတွင်း နုပျို မှုတွေ ရှင်သန်မှု တွေ အားလုံးဟာ အဝေးဆုံးအရပ်က တစင်းထဲသော နေမင်းကိုသာ မျှော်ငေးရင်း, ဆင်းသက်လာမယ့် အလင်းရောင်ကို စောင့်စားရင်းနဲ့ သာ ကုန်ဆုံးသွားတတ်တယ်။ နေမသာတဲ့ နေ့ တွေ ရှိမယ် မိုးအုံ့ တဲ့ရက်တွေလည်း ရှိမယ်။ နေကြာပန်းလေးကတော့ နေအလင်းရောင် မရှိတဲ့အချိန် ညိုးနေတတ်ပြီး အလင်းရောင်ဖျော့ဖျော့လေး ရပြီဆိုတာနဲ့  ချက်ချင်းပြန်လန်းဆန်းနိုင်တယ်။ သူ့ အတွက် နေမင်းဟာ တစင်းတည်းပဲ ရှိလို့ ပါ။

နစ် [နစ်]Where stories live. Discover now