အိမ်မှာ ၃ ယောက်သား ဖုန်းနဲ့ ဂိမ်းနှိပ်နေရင်း Yixing ဆီ သူ့ အမေက video call ခေါ်လာတာကြောင့် Yixing လည်း ဖုန်းကိုင်လိုက်ပြီး
" mama နေကောင်းလား "
" ကောင်းပါ့ ငါ့သားလေးရယ် ... မမြင်ရတာကြာလို့ လားမသိဘူး ဝတောင်လာသလိုပဲ "
သူ့ အမေက camera ကနေတဆင့် မြင်ရတဲ့ သူ့ ကို ကြည့်ရင်း ဝမ်းသာအားရ ပြောတယ်။
" သား... Yifan တို့  Chanyeol တို့ ရော "
" သားဘေးမှာ ရှိတယ် mama ဂိမ်းနှိပ်နေကြတယ် "
Yixing က သူ့ ဘေးတဖက်ဆီမှာ ထိုင်နေကြတဲ့ Yifan နဲ့  Chanyeol ဆီ ဖုန်းရဲ့  camera ကို လှည့်ပြလိုက်တော့ နှစ်ယောက်လုံးက လက်ပြနှုတ်ဆက်တယ်။
" အေးအေး အတူတူ တည့်အောင်နေကြနော် ကလေးတွေ ... မင်းတို့  ညီလေးကို စောင့်ရှောက်ပေးတာလည်း ကျေးဇူးတင်ပါတယ် နေကောင်းအောင် နေကြနော် "
" ဟုတ်ကဲ့ပါ အန်တီ အန်တီလည်း ဂရုစိုက်ပါ "
တရုတ်လို အပြန်အလှန်ပြောနေတဲ့ Yifan နဲ့  သူ့ အမေကြောင့် Yixing မျက်နှာပူလာတယ်။
သူ့ အမေက Yifan နဲ့  Chanyeol ကို Yixing album ထုတ်လို့ ရအောင် ကူညီပေးတဲ့ မိတ်ဆွေတွေ လို့ ပဲ သိထားတာလေ။ တအိမ်တည်းအတူနေဖြစ်တာလည်း သီချင်းတွေ စပ်ဖို့ လို့ ပဲ ပြောထားတာကိုး။
သူတို့ ရဲ့  ပတ်သတ်မှုတွေ သူ့ အမေသိသွားရင်း နားလည်မပေးနိုင်ပဲ လျှော့ခ် ဖြစ်သွားမှာစိုးရတယ်လေ။ Yixing ကလည်း အမြဲတမ်း အင်္ကျီအပွတွေပဲ ဝတ်ထားပြီး video call ခေါ်တိုင်း မျက်နှာလောက်ပဲ မြင်ရတော့ သူ့ အမေက သူ့ သားလေး ဝလာတယ်ပဲ ထင်တာပေါ့။
" mama သိလား ကျနော် အခု ပရိသတ်တွေ ရနေပြီဗျ "
" ဟုတ်လား ငါ့သားလေး နာမည်ကြီးနေပြီပေါ့ "
" အရမ်းကြီးတော့ မဟုတ်သေးဘူးပေါ့ mama ရယ် ဒါပေမယ့် အခုမှ အခွေစထုတ်တဲ့ ဂီတသမားအနေနဲ့ တော့ သားက မဆိုးဘူး လို့ ပြောရမှာပေါ့ "
" ဒါပေါ့ သားရယ်... mama သားလေးက အရည်အချင်းရှိပြီးသားပဲကို ... ဒါနဲ့  သား ကျောင်းပိတ်နေပြီမလား ဘယ်တော့လောက် Changsha ပြန်လာမလဲ "
YOU ARE READING
နစ် [နစ်]
FanfictionKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...