ဒီနေ့ တော့ Yixing အကြီးကြီး စိတ်ကောက်နေတယ်။ ဒေါသထွက်နေတယ်လို့  ပြောရင် ပိုမှန်မယ်။ အကြောင်းက သူ ကျောင်းမတက်တာ ကြာပြီ မို့ လို့  Yifan ကို ကျောင်းလိုက်ပို့ ခိုင်းရာက စတယ်။
ဒုတိယ နှစ်ဝက်ရဲ့  final exam လည်း နီးလာပြီဆိုတော့ သူ ကျောင်းပြန်တက်ပြီး လွတ်သွားတဲ့ စာတွေ ပြန်လေ့လာရဦးမယ်လေ။ ဒါပေမယ့် ဒီနေ့ မှ သိလိုက်တာက Chanyeol က သူမသိအောင် ကျောင်းသွားပြီး ဆေးလက်မှတ်နဲ့  ကျောင်းတနှစ် နားခွင့်တင်လိုက်တယ် ဆိုတာပဲ။
သူ စိတ်အရမ်းတိုပြီး အခန်းထဲက အခန်းပြင်မထွက်တော့။ Chanyeol ကို စကားလည်း မပြောသလို Yifan ချော့တာလည်း မရဘူး။
တကယ်တော့ သူ ပြီးခဲ့တဲ့ တခေါက် ဆေးရုံတက်ရတုန်းက Chanyeol က ကျောင်းမှာ ဆေးခွင့်တင်ထားတာ။ ဆရာဝန်ကလည်း စိတ်ဖိစီးမှု မဖြစ်အောင် ဂရုစိုက်ပါလို့ မှာထားတာကိုး။ နောက်တော့ Chanyeol လည်း Yixing ကိုယ်ဝန်ရှိတာ သိသိချင်း ကျောင်းနားဖို့ စီစဉ်လိုက်တာပဲ။ Yixing က အရင်နေ့ တွေကတော့ ကိုယ်ဝန်ကြောင့် စိတ်ဖိစီးလိုက် စိတ်လှုပ်ရှားလိုက် အစားတွေ ခဏခဏစားလိုက်နဲ့  ကျောင်းကိစ္စကို မေ့နေတယ်။ ဒီနေ့ ကျမှ သူ ကျောင်းသွားချင်စိတ်ပေါက် လာလို့ Yifan ကို ကျောင်းလိုက်ပို့ ခိုင်းတာပေါ့။
" ဒေါက် ဒေါက် "
Yifan အခန်းတံခါးလာခေါက်တာကို မဖွင့်ပေးပဲ ကုတင်ပေါ်လှဲကာ စောင်ခေါင်းမြှီးခြုံနေလိုက်တယ်။ အခန်းတံခါးကလည်း lock ချထားတာကြောင့် Yifan အပြင်ကပဲ ခေါ်နေတယ်။
" ge ကို မခေါ်ဘူး ... Chanyeol hyung ကိုလည်း စိတ်ဆိုးတယ် အရမ်းစိတ်ဆိုးတယ် "
" ကလေးရယ် စိတ်ဆိုးတာလည်း ဆိုးပါ ဒါပေမယ့် နေ့ လည်စာတော့ စားပါဦး ကလေး ဗိုက်ဆာနေမှာပေါ့ "
" ဆာပလေ့စေ "
Yifan ပြောသမျှကို တခွန်းမခံ ပြန်အော်နေတဲ့ ကလေးက တနေ့ တခြား စွာလာလိုက်တာ။
" ကလေး ရယ် ကလေးက ဘာမှ မစားတော့ ဗိုက်ထဲက ကလေးလေး လည်း ဗိုက်ဆာနေမှာပေါ့ "
အခန်းထဲက အသံခဏတိတ်သွားလို့ Yifan တံခါးရှေ့  ဆက်ရပ်နေတော့ Yixing က အခန်းတံခါးဖွင့်လိုက်ပြီး ထွက်လာတယ်။

YOU ARE READING
နစ် [နစ်]
FanfictionKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...