Yixing ဒီတလော နေလို့ သိပ်မကောင်းတာကြောင့် Chanyeol လည်း အိမ်မပြန်တော့ပဲ Incheon က အိမ်မှာ သူ နဲ့  အတူတူလာနေပေးဖြစ်တယ်။ မနက်တိုင်း ဘာမှမစားနိုင်ပဲ ပျို့ တက်နေတာကြောင့် Chanyeol က စိတ်ပူပေမယ့်လည်း ဆေးရုံမသွားဘူးလို့ ပြောပြီး ခေါင်းမာနေတဲ့ ကလေးကြောင့် ဘာလုပ်ရမှန်းမသိ ဖြစ်နေတယ်။
အခုလည်း album ထုတ်ဖို့  စာနယ်ဇင်းမိတ်ဆက်ပွဲကို ဒီနေ့ သွားရမှာ... သူ့ ကျန်းမာရေးကြောင့် ပွဲနေ့ ကို နောက်ရွှေ့ ခိုင်းနေတာကို လက်မခံဘူးလေ။
" hyung ရယ် ... ကျနော့်မှာ ပိုင်ဆိုင်တာဆိုလို့  ဂီတသံစဉ်တွေပဲ ရှိတာ ဂီတတွေဖန်တီးနေရရင် Cello သံစဉ်တွေထဲမှာ ကျနော့်ကို ကျနော် ပြန်ရှာတွေ့ တယ် ... ကျနော် အရမ်းမျှော်လင့်ခဲ့ရတဲ့ နေ့ လေးကို လက်မလျှော့ပါရစေနဲ့ လား "
ပြောမရမှန်းသိနေတာမို့  အစအဆုံးလည်း စီစဉ်ပြီးသားမို့ လို့  Chanyeol ဆက်မပြောတော့ပဲ Yixing ရဲ့ ပုခုံးနှစ်ဖက်ကိုသာ လက်နှစ်ဖက်နဲ့  ဆုပ်ကိုင်ပြီး
" ကောင်းပြီလေ သွားကြတာပေါ့ Yixing နေမကောင်းဘူးဆို ကြိတ်မခံနဲ့  နော် hyung ကို ချက်ချင်းပြောရမယ် "
" ဟုတ်ကဲ့ hyung "
" ကဲ ဟောဒီမှာ အဝတ်အစား လဲလိုက်ဦး hyung အောက်ကစောင့်နေမယ် "
Chanyeol ပေးလာတဲ့ ဗူးလေးကိုဖွင့်လိုက်တော့ ဟိုနေ့ က Yifan ဝယ်ပေးထားတဲ့ ဝတ်စုံလေးဖြစ်နေတယ်။
Yixing အံ့သြသွားပြီး Chanyeol ကို အားတက်သရော မော့ကြည့်ရင်း
" ဟမ်! ge ဝယ်ပေးထားတာလေးပါလား hyung နဲ့ တွေ့ ဖြစ်တာလား ကျနော်လည်း မသိလိုက်ဘူး ge က London က ပြန်ရောက်ပြီလား ဟုတ်လား ကျနော်အိပ်နေတုန်း ရောက်လာတာလား hyung က ဘာလို့  ge နဲ့ တွေ့ တာ ကျနော့်ကို မပြောတာလဲ အခုရော ge ပြန်သွားပြီလား "
Chanyeol က စကားတွေ တရစပ်ပြောရင်း အခန်းပြင်ထွက်မလို့  လုပ်နေတဲ့ Yixing ရဲ့  ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ကာ
" Yixing ... Yixing ဆေးရုံတက်တဲ့နေ့ တုန်းက သူ hyung ကိုပေးသွားခဲ့တာ အဲ့နောက်ပိုင်း hyung လည်း Yixing နားမှာ အချိန်ပြည့်နေနေတာပဲ ကလေးရယ် ... Yifan နဲ့ ဘယ်လိုလုပ်တွေ့ ဖြစ်ပါ့မလဲ "
![](https://img.wattpad.com/cover/111453037-288-k585788.jpg)
YOU ARE READING
နစ် [နစ်]
FanfictionKray (yoai) & Mpreg Zawgyi & Unicode ခင်ဗျားကို ချစ်ရတာ ကမ်းမမြင်တဲ့ ပင်လယ်ကြီးထဲ လက်ပစ်ကူးနေရသလိုပဲ ... ဘာကိုမျှော်လို့ မျှော်လင့်ရမှန်းမသိပဲ ... ခြေကုန်လက်ပမ်းကျနေလည်း ဘယ်လိုမှ မရပ်တန့်ရဲပဲ ဆက်ပြီး ကူးခတ်နေရတယ် ရပ်တန့်လိုက်ရင် သေသွားမယ်ဆိုတာ သိနေ...