23. ခ်စ္တဲ့သူအနား [ချစ်တဲ့သူအနား]

1.9K 203 38
                                    

မနက်ခင်းဆို Yifan ကိုယ်တိုင် Yixing ကို နှိုးတတ်တယ်။ ဖြူ နုနု ပါးပြင်လေးပေါ် အနမ်းတွေ ပေးရင်းနဲ့ ပေါ့။ သူအလုပ်မသွားခင် Yixing ကို နှိုးပြီး မနက်စာ အတူစားကြတယ်လေ။ Chanyeol လည်း အိမ်ကပြန်လာတော့ ၃ ယောက်အတူ နေကြတာပေါ့။ Yifan ကုမဏ္ဏီသွားတဲ့နေ့ တွေဆို Yixing တယောက်တည်း ဖြစ်နေမှာစိုးတာကြောင့် Chanyeol လည်း အတူနေပေးဖြစ်တယ်။

အစက Chanyeol လည်း သူတို့ နှစ်ယောက် အေးအေးဆေးဆေး နေရအောင် သူ့ အိမ်ပြန်သွားပေမယ့် ၁ ပတ်လောက်ပဲနေလိုက်ရပါတယ် ကလေးက Chanyeol hyung ကို လွမ်းတယ်တဲ့လေ။ အဲ့တခွန်းနဲ့ တင် Incheon အိမ်မှာလာနေပေးဖို့ လုံလောက်နေပါပြီ။ တကယ်တမ်းကျတော့ Chanyeol လည်း Yixing ကို သူ့ မျက်စိအောက်မှာမဟုတ်ရင် စိတ်မချပါဘူး။ Yifan နဲ့  မျက်နှာချင်း မဆိုင်ချင်လို့ စကားလည်း သိပ်မပြောဖြစ်ကြဘူး။

မနက်စောစောဆို TV က လွှင့်တဲ့ ကိုယ်ဝန်ဆောင်တွေအတွက် လေ့ကျင့်ခန်းအစီအစဉ်ကြည့်ပြီး Yixing နဲ့  Chanyeol လေ့ကျင့်ခန်းအတူတူ လုပ်ကြတယ်။

Yifan ချက်ကျွေးတာ စားချင်တယ် လို့ ပြောလိုက်တဲ့ စကားတခွန်းနဲ့ တင် Yifan က အလုပ်မသွားတဲ့နေ့ တွေဆို မီးဖိုချောင်ထဲ အလိုလိုနေရင်း တာဝန်ကျသွားတယ်။ သူနေ့ တိုင်းလည်း company မသွားတော့ဘဲ တပတ်မှာ ၃ ရက်လောက်သာ သွားဖြစ်တယ်။

ဖြေးဖြေးနဲ့  ကိုယ်ဟန်အနေအထားမှန်မှန်ထားပြီး လုပ်ရတဲ့ လေ့ကျင့်ခန်းမို့ လို့  Yixing ဟန်ချက်ပျက်ပြီး လဲတာမျိုး မဖြစ်အောင် Chanyeol က ဘေးက အသာ လိုက်ထိမ်းပေးတယ်။

Yifan ကတော့ မီးဖိုချောင်ထဲ ထမင်းဟင်းတွေ ချက်နေတယ်။ ကလေးက တရုတ်မုန့်  JianBing (အင်္ဂလိပ်လို ပြောရင် pan cake ပေါ့) စားချင်တယ်ဆိုလို့  google ကနေ ရှာထားပြီး လိုက်လုပ်ရတာ လွယ်တော့မလွယ်ဘူး။

မနက်ဆို ကိုယ်တိုင် Supermarket သွား ဈေးဝယ်ပြီး လိုအပ်တဲ့ဟင်းချက် အမယ်တွေ စုံအောင် ဝယ်ရတာ။

" ge Pan Cake စားမယ် မပြီးသေးဘူးလား "

သူ့ အနားကိုပြေးလာပြီး ပြောတဲ့ ကလေးရဲ့ ပါးလေးကို ရွှတ်ခနဲနမ်းလိုက်ပြီး

" ပြီးတော့မှာကလေး ရဲ့  ဒယ်ပြားပေါ်တင်ဖို့ ပဲ လိုတော့တယ် မုန့် နှစ်က စပ်ပြီးပြီ "

နစ် [နစ်]Onde histórias criam vida. Descubra agora