Ep 3

19.7K 1.5K 7
                                    

Zawgyi

Ep 3

ဘီယာဆိုင်ရောက်နေသည်ဟုမူးမူးနှင့်ဖုန်းဆက်လာသော သက်တန့်ကြောင့် သက္ကရာဇ် ကျက်လက်စ စာကိုဆက်မကျက်နိုင်ပဲ အပြေးထွက်လာခဲ့သည်။ လင်းသစ် ယနေ့ အစောကြီးအိပ်သွားသောကြောင့် ကံကောင်းသည်ဟုပင်ဆိုရမည်။ သက္ကရာဇ်နေထိုင်ရာ တိုက်ခန်းတွင်လင်းသစ် အတူတူလာနေချိန်မှစ၍ သက်တန့် အတွက်သက္ကရာဇ် 

လုပ်ပေးရသောကိစ္စများခက်ခဲလာသည်။ လင်းသစ် နှင့် သက်တန့် မှာတွေ့သည်နှင့် ကြံဖန်စကားများရန်ဖြစ်တတ်ကြသောကြောင့် သက်တန့်၏ကိစ္စများကို သက္ကလိုက်လုပ်ပေးလျှင်လင်းသစ် သိပ်မကြိုက်ချင်။

သက်တန့်ရှိနေရာဆိုင်သို့ သက္ကရာဇ် ဦးတည်၍မောင်းလာရင်းဆိုင်သို့မရောက်ခင် လမ်းဘေးတွင် ဆိုင်ကယ် သုံးစီးလောက်နှင့် လူသုံးလေးယောက်တွေ့လိုက်ရပြီး ထိုလူတို့အနည်းငယ်စကားများနေကြပုံရသည်ကိုမြင်လိုက်ရ၏။

ကားကိုအာရုံစိုက်မောင်းနေရာ ထိုအုပ်စုကိုကျော်သွားပြီး နောက်ကြည့်မှန်ကိုကြည့်လိုက်တော့မှ ဖြတ်ခနဲတွေ့လိုက်ရသော သက်တန့် မျက်နှာကြောင့် ကားဘရိတ်ကိုဆောင့်အုပ်လိုက်ရသည်

'အသက်....'                     

သက္ကရာဇ် ကားပေါ်မှချက်ချင်းဆင်းသွားချိန်တွင်တော့ သက်တန့် နှင့် ထိုအုပ်စု သုံးယောက် တစ်ယောက် ထိုးကြိတ်နေကြပြီဖြစ်သည။် ရန်ပွဲဆိုအမြဲတားပြီးဆွဲတတ်သော သက္ကရာဇ် မှာ အထိုးခံလိုက်ရ၍ကွဲသွားသော သက်တန့်၏ နှုတ်ခမ်းမှသွေးများကိုမြင်လိုက်ချိန်တွင်တော့ တားဖို့ကိုပင်သတိမရတော့လောက်အောင် သက်တန့် ဘက်မှဝင်၍ ထိုးကြိတ်မိလေတော့သည်။ ထို့နောက်တစ်ဖက်လူသွေးထွက်သံယို ဖြစ်သည်အထိ လက်သီးချက်များက တရစပ် ထွက်လာလေတော့သည်။ အားလုံးလူငယ်များဖြစ်၍ တားမရနိုင်သောရန်ပွဲမှာ ရဲစခန်းထိရောက်သွားတော့၏။

'ဆောရီး....သက္က...ငါ့ကြောင့်..'

'ဘာမင်းကြောင့်လဲ...ငါလဲ ဝင်ထိုးတာပဲဟာ..'

'ငါ့ကြောင့် မဟုတ်ရင် မင်းဒီသံတိုင်တွေကြားထိုင်နေရမှာမဟုတ်ဘူး...ရန်ဖြစ်တာကို မင်းမကြိုက်ဘူးဆိုတာငါသိပါတယ်...ဒါပေမဲ့ ငါဒီနေ့ ဒေါသကိုမထိန်းနိုင်ဖြစ်သွားတယ်...'

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now