Zawgyi
Ep 11
'သစ် နိုးပြီလား...'
'သက္က..။ မင်းဘယ်တုန်းကပြန်ရောက်နေတာလဲ...'
'ညနေကပဲရောက်တာ...။ ငါဟိုမှာကိစ္စတွေပြီးတာနဲ့ချက်ချင်းပြန်လာခဲ့တာ။ '
သက္က က လင်းသစ် ဆီလျောက်သွားကာ လင်းသစ်၏ခေါင်းလေးကိုကိုင်ပြီး နဖူးကို တစ်ချက်နမ်းလိုက်သည်။
ထို့နောက် လင်းသစ် ကိုရင်ခွင်ထဲမြုပ်နေအောင်ဖက်လိုက်ကာ
'ငါမင်းကိုအရမ်းလွမ်းနေတာ...သစ်ရာ....'
'အင်း...အဲ့ဒါကြောင့်မင်းအမြန်ပြန်လာတာမလား။ '
'ဟုတ်တယ်ကွ။ ပိုတယ်လို့ပြောချင်လည်းပြောကွာ။ ငါလေ အဲ့မှာနေနေရတဲ့တစ်လျောက်လုံး မင်းကိုမတွေ့ရလို့လား
မသိဘူး။ နေရထိုင်ရဘယ်လိုမှအဆင်မပြေဘူး။ အဲ့ဒါနဲ့ပဲ ငါပြန်လို့ဖြစ်ပြီဆိုတာနဲ့ ချက်ချင်းကို ပြန်ချလာခဲ့တာ သိလား။ ဒါနဲ့..သစ်...အသက်ရော....။ အသက်ဘယ်မှာလဲ..အခန်းထဲမှာလည်း သူ့အဝတ်အစား တွေမရှိတော့ဘူး...။ သူအိမ်က ထွက်သွားတာလား...ဘာဖြစ်ကြတာလဲ...'
မျက်ဝန်းအိမ်တွင် ဝဲတက်လာသောမျက်ရည်ကို သက္က မမြင်အောင်မျက်နှာလွှဲလိုက်ကာ ရေတစ်ခွက်ငှဲ့ သောက်ပြီးမှ
'ထွေထွေထူးထူးမဟုတ်ပါဘူး။ ဒီလိုပဲ...။ စကားနည်းနည်းများတာကို...သူ့ဘာသာထွက်သွားတာ...'
'သစ်ရာ...ဒါဆို..အခု..အသက်ဘယ်မှာလဲ သိလား..'
'ဘယ်သိမလဲ..သူဘယ်သွားမယ်ဆိုတာပြောသွားတာမှမဟုတ်တာ။'
'ဟာ..ခက်တာပါပဲ။ အခုသူ့ကို...ဖုန်းဆက်လို့လည်းမရဘူး...။ ဖုန်းကိုလုံးဝပိတ်ထားတယ် ထင်တယ်။'
'ငါရေသွားချိုးလိုက်ဦးမယ်...'
'သြော် ..အင်း...သစ်...မြန်မြန်ချိုးနော်...။ ညနေစောင်းနေပြီဆိုတတော့ အခန့်မသင့်ရင်ဖျားနေမယ်..။'
ရေပန်းမှထွက်လာသော အေးစက်စက်ရေများသည် ကျွန်တော့်နဖူးပေါ်မှတစ်ဆင့် မျက်ရည်များနှင့် ရောလို့သွားသည်။ ရေသံများဆူညံနေသောကြောင့် ကျွန်တော့်ငိုရှိုက်သံများကိုတော့ သက္ကကြားနိုင်လောက်မည်မထင်ပါ။
YOU ARE READING
Crossfire Of Clover (Myanmar BL OC )[Complete]
RomanceZawgyi+Unicode Myanmar BL Novel. မျက်ရည်ခိုင်အောင်လုပ်ပြီးမှဖတ်ပါ... Author: :LeeSeungHan(Moepyhar)