Zawgyi
Ep 47
ဤမနက်ခင်းတွင် ထွက်လာသောနေသည် သက်တန့်အတွက် မလင်းပဲ အမှောင် ကိုသာဆောင်ကျဉ်းလာသကဲ့သို့ပင် ရင်ဆိုင်ရန်ခက်ခဲလှ၏။ တစ်ညလုံးလည်းမအိပ်နိုင်ဘဲ ကုတင်ပေါ်တွင်ထိုင်နေလျက်သာ တစ်ညတာကုန်ဆုံးသွားခဲ့သည်။ အိမ်အောက်ထပ်မှကြားရသော ရယ်သံများကိုတော့ နာကျင်စွာကျိန်ဆဲမိသည်။
'ဒေါက်.....ဒေါက်.....'
တံခါးခေါက်သံနှင့်အတူ ခြေသံဖွဖွလေးတစ်ခုဝင်လာသည်ကို သက်တန့်ကြားလိုက်ရသည်။
'ကိုကို.....အန်တီ....အန်တီ....ကအဆင်သင့်ဖြစ်ပြီလားတဲ့....'
သက်တန့်ကြည့်လိုက်တော့ ဖြူဖွေးနုဖတ်နေသောအသားအရည် သွယ်လျလျ ခန္ဓာကိုယ်ကလေးနှင့်
ငယ်ရွယ်နုနယ်နေသော ကောင်မလေးတစ်ယောက် ဖြစ်သည်။ သူ့ခေါ်သံက မရဲတရဲ နှင့် ခပ်တိုးတိုးဖွဖွကလေးဖြစ်၏။
မိတ်ကပ်မပြင်ထားပဲ သဘာဝအတိုင်းတောင် အတော်လေးလှသည့် မိန်းကလေးဖြစ်သည်။
သို့သော် သက်တန့်အတွက်တော့ ထိုမိန်းကလေးသည် ရင်ခုန်စရာမကောင်း။ အမေဖြစ်သူက ထိုကောင်မလေးနှင့်မိတ်ဆက်ပေးကတည်းက သူက ထိုကောင်မလေးကို သိသိသာသာ ရှောင်ဖယ်နေခဲ့သည်။ စေ့စပ်ပွဲ ကျင်းပသည့်နေ့တုန်းကလည်း ထိုကောင်မလေးကို သူကစေ့စေ့မကြည့်။ ထိုကောင်မလေးက သူ့ကို ခိုးခိုးပြီး ကြည့်နေသည်ကိုတော့ မျက်လုံးထောင့်များမှ မြင်ခဲ့ရသည်။ သူသိသမျှ အရာအားလုံးမှာ ထိုမိန်းကလေးသည် သူ့မိခင်စိတ်တိုင်းကျ ရွေးချယ်ထားသည့် မိန်းကလေးဖြစ်ပြီး သူ့အတွက်တော့ ဂီတာ တစ်လက်လောက်ပင် စိတ်ဝင်စားစရာမရှိသည့် မိန်းကလေးဖြစ်သည်။ ဒီလိုမျိုး သူမချစ်သော မိန်းကလေးမျိုးနှင့် လက်ထပ်ရခြင်းသည် သူ့အတွက်တော့ အချုပ်ထောင်တစ်ခုအတွင်း ကျဆင်းရသလို လွန်စွာ မသက်မသာရှိစေလေသည်။
'ခဏနေရင် ဆင်းခဲ့မယ်....'
'ဟု..ဟုတ်.......'
YOU ARE READING
Crossfire Of Clover (Myanmar BL OC )[Complete]
RomanceZawgyi+Unicode Myanmar BL Novel. မျက်ရည်ခိုင်အောင်လုပ်ပြီးမှဖတ်ပါ... Author: :LeeSeungHan(Moepyhar)