Zawgyi
Ep 25
'ခင်ဗျား...ဘာလာလုပ်တာလဲ...'
အိမ်ပေါက်ဝတွင်ရပ်နေသည့် သက်တန့်ကို မဟော်ကဆီးကြိုရန်တွေ့လိုက်ရုံသာမက အထဲသို့ဝင်လို့မရအောင် လက်နှစ်ဖက်ကိုလည်း ပိတ်ကာ ကာထားသေးသည်။
'ငါသက္က ဆီလာတာလေ...ဘာဖြစ်လို့လဲ...။'
'နေဦး.....'
'ဘာလဲ...မင်းဖယ်စမ်းပါ...။ သက္က...ရေ...သက္က...'
'နေဦးလေ...စွတ်အော်မနေနဲ့....။ ကိုသက် က ခင်ဗျား ကိုတွေ့ချင်လား မတွေ့ချင်လား...သွားမေးလိုက်ဦးမယ်..'
'ဘာကွ...'
မဟော် ကတံခါးကိုဆွဲပိတ်လိုက်ကာ အထဲသို့လှစ်ခနဲ ပြေးဝင်သွား၏။ အမှန်တော့ မူးအောင်သောက်ပြီး အိပ်ပျော်နေသည့် သက္ကကိုနှိုးရန်ဖြစ်သည်။
'ကိုသက်....ကိုသက်...'
မဟော်က ပြန့်ကျဲနေသော ပစ္စည်း များလိုက်ကောက်ရင်း
'ကိုသက်...ထတော့...။ ကိုသက် သူငယ်ချင်း သက်တန့် ရောက်နေတယ်...'
နိုးတစ်ဝက် အိပ်တစ်ဝက် ဖြစ်နေသော သက္ကရာဇ် မှာ သက်တန့် နာမည်ကြားသည်နှင်အလိုလိုအိပ်ချင်ပြေကာ
'ဟင်...အသက်လား...'
ဟု အလန့်တကြားမေးလိုက်သည်။ သူရှိရာသို့ သက်တန့် လိုက်လာမည်ဟု သူဘယ်လိုမှထင်မထားခဲ့ပေ။
'အသက်..ကိုခေါ်ထားပြီး ခဏစကားပြောနေလိုက်နော် မဟော်...'
ဟု ပြောပြီးသည်နှင့် သက္ကရာဇ် ရေချိုးခန်းထဲပြေးဝင်သွားသည်။
အချိန်ပြည့်မူးကာ အရူးတစ်ယောက်လို အရှုံသမားတစ်ယောက်လို ဖြစ်နေခဲ့သောသူ့ပုံစံအား သက်တန့် ကိုမမြင်စေလိုပေ။ နောက်ကွယ်တွင် သူဘယ်လိုပဲ ပြိုလဲနေပါစေ သစ် နှင့် သက်တန့်၏အမြင်တွင်တော့ သူက ပျော်ရွှင်နေသည့်ပုံပေါက်နေရမည်လေ။
'ဝင်ခဲ့...ရပြီ...'
တံခါးကိုဖွင့်ပြီး မဟော်ကဝင်ခွင့်ပေးလိုက်သောအခါ သက်တန့်က မဲ့ပြုံးတစ်ချက်ပြုံးလိုက်ကာ
YOU ARE READING
Crossfire Of Clover (Myanmar BL OC )[Complete]
RomanceZawgyi+Unicode Myanmar BL Novel. မျက်ရည်ခိုင်အောင်လုပ်ပြီးမှဖတ်ပါ... Author: :LeeSeungHan(Moepyhar)