Ep 34

8.5K 668 16
                                    

Zawgyi

Ep 34

သစ်ကို သက်တန့်နှင့် ထားခဲ့ပြီး ထွက်လာသော်လည်း ကားမောင်းနေသည့်တစ်လျောက်လုံး သစ်အကြောင်းများကိုသာ သက္ကတွေးနေမိသည်။ မျက်ရည်များကျဆင်းကာ ငိုကြွေးနေခဲ့သည့် သစ်၏မျက်နှာလေးကို မြင်ယောင်မိသည့်အချိန်တိုင်းတွင် သူ့ရင်တွေထပ်တလဲလဲ နာကျင်ရသည်။

ထို့နောက် ကားကိုဆက်မမောင်းနိုင်တော့သောကြောင့် လမ်းဘေးတစ်နေရာတွင်ရပ်ကာ လမ်းမကြီးနှင့် မှန်ပြပြလှမ်းမီးတိုင်များကို အဓိပ္ပာယ်မဲ့ကြည့်နေမိသည်။ အသက်က ဒီကိစ္စကိုဘယ်လိုများဖြေရှင်းမလဲ။ တကယ်လို့များ အသက်က သူ့အမေကို အဆုံးထိမလွန်ဆန်နိုင်ဘူးဆိုပါက သစ်အတွက်ဘယ်လိုများလုပ်ပေးရပါ့မလဲ ဆိုတာတွေကို တွေးနေမိသည်။

နောက်ဆုံးတော့ သက္ကလည်း ဝန်ထုပ်ဝန်ပိုးများပိနေသည့် လေးလံမှုများ ပါဝင်သည့် သက်ပြင်းတစ်ချက်ကို ချလိုက်သည်။ နာကျင်​မွန်းကြပ်​​နေမှုများအနည်းငယ်​သက်​သာသွားသလိုရှိမှ ကားကိုဖြည်းဖြည်းချင်းမောင်း၍

နေထိုင်​ရာအိမ်​က​လေးသို့ဦးတည်​ခဲ့လိုက်သည်။ ညသန်း​ခေါင်​သို့နီးကပ်​​နေသည့်​ နာရီကို​တော့မကြည့်​မိ။

အိမ်​ထဲသို့ဝင်​သွား​တော့ ဧည့်​ခန်းထဲ၌မ​ဟော်​ ရှိမ​နေ။ ထမင်းစားခန်းထဲလှမ်းကြည့်​လိုက်​​တော့ တစ်​စစီ ပဲ့​​ကြေ​နေ​သော ကိတ်​မုန့်​ များနှင့်​ပြန့်​ကျဲ​နေ​သော ဖ​ယောင်းတိုင်​များ။ နောက် အက်​ကွဲ​နေ​သော ဖန်ခွက်​များ ...။

ထိုအရာများကိုတွေ့မှသာ သက္ကခေါင်းထဲသို့ မ​ဟော့်​​မွေး​နေ့ နှင့် ​စောင့်​​နေမည်​ဟု​ပြော​သောမ​ဟော့်ကို ပြန်လည်သတိရမိသည်။ သူ​ အားလုံးကို​မေ့သွားခဲ့သည်။ သစ်​ ကိစ္စကိုအာရုံစိုက်နေရသော​ကြောင့်​အားလုံးကို​မေ့သွားခဲ့သည်။ နာရီကိုကြည့်​လိုက်​​တော့ ဆယ့်​နှစ်​နာရီ ​ကျော်​သွားလေပြီ။ အချိန်​များကို​နောက်​ပြန်​ဆုတ်​ရန်​မစွမ်း​​ဆောင်​နိုင်သည့်အတွက် တောင်းပန်ရန်သာရှိတော့သည်။

ထို့နောက် မ​ဟော်​ အခန်းထဲမှထွက်​လာသည်။ မဟော့်မျက်နှာတွင် ရှိနေသောမာကြောမှုများကိုမြင်လိုက်ရသောအခါ သူ့ကိုစိတ်ဆိုးနေကြောင်း သိလိုက်၏။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now