Ep 45

8.7K 623 10
                                    

Zawgyi

Ep 45

အိပ်ပျော်သွားသောသစ်ကို သက္ကအချိန်အကြာကြီး ထိုင်ကြည့်နေမိသည်။ ခြောက်သွေ့စပြုနေသော မျက်ရည်စတို့ကိုမြင်တော့ သူ့နှလုံးသားက အသစ်တဖန်ပြန်လည်နာကျင်ရလေသည်။ ငိုထားလွန်း၍ ဖောင်းအစ်နေသော သစ် မျက်လုံးလေးများကို သက္က ခပ်ဖွဖွ ခိုးနမ်းလိုက်သည်။ ဧည့်ခန်းထဲတွင် ထိုင်၍လက်ထပ်ပွဲအကြောင်း စဉ်းစားနေစဉ် တံခါးဖွင့်သံနှင့်အတူ ခြေသံတစ်ခုကိုကြားလိုက်ရသည်။ သူအိမ်ထဲဝင်လာချိန်တုန်းက အိမ်တံခါးကိုပြန်ပိတ်ဖို့ မေ့သွားသည်ထင်၏။

'အသက်​လား....'

သက်တန့် ကိုမျှော်လင့်မိသော်လည်း ဝင်လာသူက မဟော်ဖြစ်လေသည်။

'မင်းဘာလာလုပ်​တာလဲ...'

'တစ်​နာရီ​တောင်​ထိုး​နေပြီ...။ ကိုသက်​ ဘာမှမစားရ​သေးဘူးမှတ်​လား။ ကျွန်​​တော်သိတယ်။ ကိုသက်ဒိအချိန်အထိ ဘာမှမစားရသေးဘူးဆိုတာ သိနေတယ်​...။ '

သက္ကက ဘာမှမ​ပြောပဲ​သောက်​လက်​စ ဝီစကီ ကိုဆက်​​သောက်​​နေလိုက်သည်။

'ဟာ..။ ကိုသက်က နေ့ခင်းကြောင်တေင်ကြီး သောက်နေပြန်လာတာလား။မ​သောက်​နဲ့​တော့ ကိုသက်​ ကျွန်​​တော်​ ကိုသက်​ စားဖို့ပြင်​​ပေးမယ်​...။'

သက္က လက်ထဲမှ ခွက်ကို မဟော်ဆွဲယူသွားပြီး သွန်ပစ်လိုက်သည်။ ထို့နောက် သက္ကစားရန် နေ့လည်စာကိုပြင်ပေးနေ၏။ မဟော် သည် သက္ကက သူ့အပေါ်ခွင့်မလွှတ်သေးသည့်တိုင် သူဘာမှမလုပ်ထားခဲ့သလို ပုံစံမျိုးနှင့်သာ သက္ကအနားတွင် ပြောင်ပြောင်တင်းတင်း ကပ်နေ၏။ ဒီရက်ပိုင်းများတွင် သစ်ကြောင့် သက္ကပင်ပန်းနေမည်ကို သိသည်။ ထို့ကြောင့် သက္ကကို အရင်ကထက်ပိုပြီး ဂရုစိုက်ပေးမိလေသည်။

'ကိုသက်​........ကိုသက်​...'

မ​ဟော်​ ​ဘေးတွင်​လာထိုင်​ပြီး​ခေါ်​နေသည်​ကိုပင်​ သက္က မကြား။ လက်​ကိုကိုင်​လှုပ်​လိုက်​​တော့မှ သတိဝင်​လာသည်။ စိတ်လွတ်နေသည့် သက္ကကိုကြည့်ရင်း မဟော်စိတ်မချမ်းသာ။

'ကိုသက်​....။ဘာဖြစ်​လို့လဲ....'

သက္ကက​ ​ခေါင်းခါသည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now