Ep 12

11.1K 941 20
                                    

Zawgyi

Ep 12

'ဆင်းလာတာမြန်​သားပဲ ကျွန်​​တော်​က ​နောက်​နှစ်​နာရီ​လောက်​​နေမှဆင်းလာမယ်​ထင်​တာ...'

'ဘာ​ပြောမှာလဲ...။ မြန်မြန်ပြော...'

'ကိုသက်​...။ ကိုသက်​ ကျွန်​​တော့်​ကိုဒီလိုကြီးမဆက်​ဆံပါနဲ့ဗျာ...'

'ဘာ​ကိုလဲ...။ ဘာတွေပြောနေတာလဲ'

'ကျွန်​​တော်​ ကိုသက်​ ကိုဖွင့်​​ပြောပြီးကတည်းက ကျွန်​​တော့်​ ကို ရန်​သူတစ်​​ယောက်​လိုဆက်​ဆံ​နေတာ​လေ...။ အဲ့လိုကြီးမစိမ်းကားပါနဲ့။ ကျွန်​​တော်တစ်ကယ်​မခံနိုင်​ဘူး...'

'အဲ့ဒီ​တော့...'

'ကျွန်​​တော်​ အများကြီးမ​တောင်းဆိုပါဘူးဗျာ...ကျွန်​​တော့်​ကို အရင်​လိုလေး နည်းနည်းပဲဖြစ်​ဖြစ်​ ​ကောင်း​ကောင်းမွန်​မွန်​ ဆက်​ဆံ​ပေးရင်​ရပြီ...'

'မလုပ်​ဘူးဆိုရင်​​ရော...'

'အဲ့ဒါဆိုရင်​​တော့ ကျွန်​​တော်​ကလဲ ကိုသက်​ မကြိုက်​တာလုပ်​ရမှာပဲ...'

'ဘာ...'

'ဟုတ်​တယ်​...ကျွန်​​တော်​အခု ကိုသက်​ ​ဘေးခန်း ကိုငှား​ထားတယ်​...အဲ့​တော့ ကိုသက်​ ကျွန်​​တော့်​ ကို မသိချင်​​ယောင်​​ဆောင်​​နေပြီး သူစိမ်း လိုဆက်​ဆံမယ်ဆိုရင်​ ကျွန်​​တော့်​ အဲ့​ဘေးခန်းကို​ပြောင်းလာမယ်။ ကိုသက်​ မမြင်​ချင်​တဲ့ကျွန်​​တော့်​ မျက်​နှာကို​နေ့တိုင်းမြင်​ရမှာ​ပေါ့....'

'ခန့်​မ​ဟော်​.....'

'လွယ်​လွယ်​​လေးပါ ကိုသက်​ရာ...ကျွန်​​တော့်​ကို..'

'​တော်​​တော့....ခန့်​မ​ဟော်​...မင်းငါ့​ဒေါသကိုလာမဆွနဲ့...'

'ကိုသက်​ အရမ်းရက်​စက်​တယ်​ဗျာ...ကျွန်​​တော်​က ကိုသက်​ရဲ့ချစ်​သူ ဖြစ်​ချင်ပါ​တယ်​လို့​ ပြောလို့လား...

ကိုသက်​နဲ့ ကိုသက်​ ချစ်​သူ ကိုလိုက်​​နှောက်​ယှက်​မယ်လို့ရော ​​ပြောလို့လား။.....လူလိုသူလို​လေး အဆက်​ဆံခံချင်​ရုံတင်​ကို...'

'မင်းအခု​တောင်​​နှောက်​ယှက်​​နေတာပဲ...မဟုတ်ဘူးလား။ ငါ နဲ့ သစ်​ အခုအိပ်​​တော့မလို့...မင်း​နှောက်​ယှက်​လို့...'

Crossfire Of Clover (Myanmar BL OC )[Complete]Tahanan ng mga kuwento. Tumuklas ngayon