Zawgyi
Final Ep
လင်းသစ် ထုံးစံအတိုင်းပင် ရှေ့မှ ခပ်သုပ်သုပ် ထွက်လာကာ လာဆွဲသော သက်တန့် လက်ကိုပုတ်ချလိုက်သည်။
'သစ်....ဟာ....'
ကားထဲဝင်ကာ ကားတံခါးကိုဆောင့်ပိတ်လိုက်၏။ နှုတ်ခမ်းများက စူပုတ်နေသည်။ မျက်ခုံးများက မှုံကုတ်နေ၏။။
သက်တန့် လည်းကားထဲဝင်ရင်း ကားစက်နှိုးကာ ဘေးကိုလှည့်ကြည့်လိုက်တော့ လင်းသစ် မျက်နှာမှာ စူပုတ်နေသည် ကိုတွေ့လိုက်ရသည်။ နဖူးပေါ်ခပ်ဝဲဝဲကျနေသည့် ရေစိုနေသော ဆံပင်အဖျားလေး နှင့် မျက်ဝန်းနက်နက် လှလှလေးကိုကြည့်ကာ သက်တန့် ပြုံးမိပြန်သည်။
'တော်ပြီလေ....စိတ်မဆိုးနဲ့တော့...'
သစ်က နှာခေါင်းရှုံ့  လိုက်ကာနီရဲနေသောအောက်နှုတ်ခမ်း လေးကို စူထားသည်။
'မောင်းလေ.....မမောင်းဘူးလား...'
'မသိဘူးလေ....မသွားတော့ဘူးလား လို့....'
သက်တန့် ပြုံးစိစိနှင့်ပြောလိုက်ကာ သစ် ပါးလေးကိုလိမ်ဆွဲလိုက်၏။
'မထိနဲ့....'
'ထိတယ်ကွာ....ထိတယ်...'
ရှောင်လိုက်သော သစ် ကို အသဲယားသောကြောင့် သက်တန့် ရှေ့တိုးကာ ပါးကိုပင် ရွှတ်ခနဲ နမ်းလိုက်သေးသည်။
'သက်တန့်....'
'အိပ်ရာထနောက်ကျတာလေးကို ဒီလောက်စိတ်ဆိုးနေရလား....'
'ငါည တည်းကပြောထားတာလေ.....မင်း ဘယ်တော့မှအလေးမထားဘူး...'
'ဟာ....တကယ်မေ့သွားလို့ပါဆို....'
'မြန်မြန်မောင်း....သက္က စောင့်နေတော့မယ်....'
'မောင်းနေတာပဲ...'
v
သက္ကရာဇ် တို့ ခြံရှေ့အရောက် လှမ်းကြည့်လိုက်တော့ ခြံထဲတွင် ထိုင်နေသော သက္ကရာဇ် နှင့် မဟော့်ကို လှမ်းမြင်နေရသည်။
YOU ARE READING
Crossfire Of Clover (Myanmar BL OC )[Complete]
RomanceZawgyi+Unicode Myanmar BL Novel. မျက်ရည်ခိုင်အောင်လုပ်ပြီးမှဖတ်ပါ... Author: :LeeSeungHan(Moepyhar)