Ep 33

8.2K 681 2
                                    

Zawgyi

Ep 33

ကားလမ်းများပိတ်နေသောကြောင့် သက္က သစ်ဆီကိုရောက်တော့ အချိန်က ခုနှစ်နာရီပင်ထိုးနေပြီဖြစ်သည်။ သစ်၏အခန်းရှိရာသို့ အပြေးအလွှားတက်သွားတော့ အခန်းထဲမှထွက်လာပြီး သူနှင့်ဆန့်ကျင်ဘက်ရှိ ဓာတ်လှေကားဆီလျောက်သွားသည်ကို တွေ့လိုက်ရသည်။

သက္ကလည်း ဘာလုပ်ရမှန်းမသိတော့ပဲ သက်တန့်ဆီသာဖုန်းခေါ်လိုက်မိတော့သည်။

'ဟဲလို...။ အသက်​....မင်းအခု ချက်​ချင်း သစ်​ဆီလာခဲ့...'

'သက္ကရာ ..ငါလာလို့မရတာ မင်းလည်းသိရဲ့သားနဲ့....။'

'မင်းဆင်ခြင်တွေပေးမ​နေနဲ့...။ အခုပဲ မင်းအ​မေ...သစ်​ဆီလာသွားတယ်​...'

'ဘာ ဘာပြောတယ်​....'

သက်တန့်သည် သူ့မိခင်အကြောင်း သူကောင်းကောင်းသိသောကြောင့် သစ်အတွက်လွန်စွာပူပန်မိသွားသည်။ မာမီက သစ်ဆီဘာလို့များ သွားတာလဲ။ သစ်ကိုဘာတွေများပြောခဲ့မလဲ ဆိုသည့်အတွေးများကိုတွေးရင်း ရင်မောနေမိသည်။

'ငါအခုလာခဲ့မယ်​ သက္က....'

သက်တန့်ထံမှ လာမည်ဟူသော စကားကိုကြားရမှ သက္ကဖုန်းကိုချလိုက်သည်။ ထို့နောက် လေးပင်လှသည့် သက်ပြင်းကိုလည်းချမိသည်။ သစ်သာ တစ်ခုခုဖြစ်လျှင် ဟူသောအတွေးက သူနှလုံးသားကို ထိုးနှက်နေ၏။

ငါတော့ ရူးမှာပဲ သစ်ရေ ...။

တံခါးဖွင့်​ပြီးဝင်​သွားမိ​တော့ ​မျှော်​လင့်​ထားသလိုပင်​ ဆိုးဆိုးရွားရွား ငို​ကြွေးနေ​သော သစ်​ပုံစံကို​တွေ့လိုက်​ရသည်။

'သစ်​......'

သက္ကရာဇ်​ ဘာကိုမှမ​တွေးနိုင်​တော့ပဲ ဆိုဖာ ​ဘေးတွင်​ ကျုံ့ကျုံ့က​လေးထိုင်​ကာ ငို​ကြွေး ​နေ​သော လင်းသစ်​ ကို​ပြေးဖက်​လိုက်​သည်။ ငိုကြွေးနေသော သစ်မှာ​​ သက္က​​ရောက်​လာချိန်​တွင် ခိုကိုးစရာတွေ့သွားသည့်နှယ်​ ပို၍ရှိုက်​ကြီးတငင်​ငို​လေ​တော့သည်။

'သစ်​.....မငို....မငိုပါနဲ့။ ကျေးဇူးပြုပြီး မငိုပါနဲ့ သစ်​ရယ်​........'

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now