Ep 46

8.4K 574 3
                                    

Zawgyi

Ep 46

သက်တန့် နာရီကိုကြည့်​လိုက်​တော့ ခုနှစ်​နာရီ ထိုးနေပြီ ဖြစ်သည်။ တဖြည်းဖြည်းနှင့် မှောင်လာသောည သည် သူ့ကိုလွန်စွာ စိတ်ဒုက္ခရောက်စေသည်။ မနက်ဖြန်ရောက်တာနှင့်တစ်ပြိုင်နက် လက်ထပ်လိုက်ရတော့မည်ဟူသောအတွေး

က သူ့စိတ်များကို မီးနှင့်လောင်မြိုက်နေသလို ခံ့စားရစေသည်။

အခန်းထဲမှ နေ၍ အသာချောင်းလိုက်တော့ ဧည့်ခန်းထဲတွင် လမ်းလျောက်နေသည့် ဒေါ်ချယ်ရီကိုတွေ့လိုက်

ရသည်။ ဒေါ်ချယ်ရီ့ကိုတွေ့လိုက်သောအခါ ထွက်ပြေးရန်ကြိုးစားချင်သည့် သက်တန့်သည် စိတ်ဓာတ်ကျသွားလေသည်။ ဒေါ်ချယ်ရီမှာ ထိုနေရာမှ ခွာမည်မဟုတ်ကြောင်းကို သိနေသည့်အတွက်လည်း ထွက်ပြေးရန်မလွယ်ကူကြောင်း အလိုလို သိလိုက်သည်။

ထွက်ပြေးရန်အချိန်ကောင်းကို စောင့်နေရင်း တစ်ဖြည်းဖြည်းနှင့် ညဉ်နက်လာလေသည်။ သက်တန့်မျက်လုံးထဲတွင် သစ်၏မျက်နှာလေးကိုသာ မြင်ယောင်နေမိသည်။ အချိန်တွေကုန်ဆုံးလာလေ သစ်ကို ထားပြီး တခြားသူနှင့် လက်ထပ်ဖို့ရာ မဖြစ်နိုင်လေဆိုတာကို သိလာရသောကြောင့် ဤနေရာမှ ထွက်ပြေးရန်သာ စိတ်စောနေမိသည်။

နောက်​ဆုံးတော့ ညသန်း​ခေါင်​​ရောက်​လာသည်။ ထွက်ပြေးရန် ကြိုးစားရာ၌ ​ပြေးစရာအ​ပေါက်​မှာ ပြတင်း​ပေါက်​မှလွဲ၍မရှိ​တော့ပေ။ နှစ်​ထပ်​တိုက်​က​လေးဖြစ်​သည့်​အတွက်​ ခုန်​ချလျှင်တောင် ဆိုးဆိုးရွားရွား​တော့ မဖြစ်​နိုင်​လောက်ပါ ဟု သက်တန့်တွေးမိသောကြောင့် ထိုနေရာကနေခုန်ချရန်သာ ဆုံးဖြတ်လိုက်တော့သည်။

ပြတင်းပေါက်နားသို့ကပ်သွားသည့်အခါ အဝေးတစ်နေရာမှ လွင့်ပျံလာသော လေနုအေး၏အထိအတွေ့ကို ခံစားလိုက်ရသည်။ ဒီနေရာမှ ထွက်ပြေးလွတ်မြောက်လျှင် သစ်နှင့် နီးရမည်ဟူသော အတွေးက သူ့နှုတ်ခမ်းများကို အလိုလိုပြုံးလာစေ၏။ ထို့နောက် တွန့်ဆုတ်ခြင်းမရှိဘဲ ပြတင်းပေါက်ဘောင်ပေါ်သို့တက်လိုက်သည်။

ထိုစဉ်

'သက်​တန့်​........'

ဘယ်​အချိန်​ကတည်းက လှမ်းကြည့်​​နေမှန်းမသိ​သော ​ဒေါ်ချယ်​ရီ့အသံက ကြောက်လန့်ဖွယ်ထွက်ပေါ်လာလေသည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now