Zawgyi
Ep 52
မျှော်လင့်ထားသည်ထက်ဆိုးရွားသောမြင်ကွင်းကိုတွေ့လိုက်ရသောကြောင့် သစ် ကားပေါ်မှအပြေးအလွှားဆင်းကာ သက္ကရာဇ် ဆီပြေးသွားမိသည်။
ပိန်လိန်သွားသော ကားခေါင်း။ ကွဲနေသော မှန်စများ။ မြေပြင်ပေါ်တွင်လဲကျနေသည့် မဟော် နှင့် သက္ကရာဇ်။ မဟော့် ရင်ဘတ်ပေါ်တွင် မျက်နှာအပ်ကာ ငြိမ်သက်နေသော သက္ကရာဇ်။
'သက္က....သက္က....'
ရင်ထဲမှလှိုက်တက်လာသော ဝမ်းနည်းမှုက လည်ချောင်းဝတွင်ဆို့ကာ သစ်သည် မျက်ရည်များလည်းတလိမ့်လိမ့်ဆင်းလာသည်။
သက္က ကို ရင်ခွင်ထဲပွေ့ကာ လှုပ်နှိုးနေမိသည်။ သက္က ခေါင်းမှသွေးများမှာလည်း လင်းသစ် လက်တစ်ခုလုံး ပေကျံသွားသည်။
'သက္က....သက္က....'
လင်းသစ် သက္က ခေါင်းကိုတင်းကြပ်စွာ ပွေ့ဖက်ထားပြီး ငိုနေမိသည်။ ထို့နောက် သက္က ရင်ဘတ်ကို ကပ်ကာ နားထောင်ကြည့်တော့ နလုံးခုန်နေသေးသည်။ မျက်စိရှေ့ရှိ မဟော့် ကိုကြည့်လိုက်တော့ ပို၍သွေးပျက်စရာကောင်းနေသည်။
'သက္က....မင်းမသေပါနဲ့...သက္က...'
သက္ကရာဇ် ချောင်းတစ်ချက်ဆိုးကာ အနည်းငယ် လွန့်လူးလာသည်။
'သက္က....မင်းသတိရလာပြီလား....။ ငါ...ငါ...ဆေးရုံကားခေါ်လိုက်မှာမို့ ခဏ....တောင့်ထားနော်.....သက္က...မင်းလုံးဝ....လုံးဝ...မျက်လုံးထပ်မပိတ်ရဘူးနော်....'
နားထဲကြားလိုက်ရသော လင်းသစ် အသံသဲ့သဲ့ ကြောင့် အားယူကာ မျက်လုံးဖွင့်လိုက်တော့ အမှန်ပင် လင်းသစ် ရှိနေသည်။
သက္ကရာဇ် အားယူကာ လင်းသစ် မျက်နှာလေးကို ကိုင်လိုက်၏။ စုတ်ပြတ်နေသော အရေပြားမှ သွေးများစီးကျလာသည်။ ထိုသွေးများက လင်းသစ် ကိုထပ်ငိုစေ၏။ ချောင်းဆိုးလိုက်သော အချက်တိုင်းတွင် ပါးစပ်မှသွေးများထွက်လာသည်။
YOU ARE READING
Crossfire Of Clover (Myanmar BL OC )[Complete]
RomanceZawgyi+Unicode Myanmar BL Novel. မျက်ရည်ခိုင်အောင်လုပ်ပြီးမှဖတ်ပါ... Author: :LeeSeungHan(Moepyhar)