Ep 26

9.3K 757 11
                                    

Zawgyi

Ep 26

'ကိုသက်​...။ ကျွန်တော်တို့ ဒီလောက်နဲ့ပဲ သွားရ​အောင်​...။ သူတို့ ဆင်းမလာ​လောက်​​တော့ဘူးထင်​တယ်​....။'

သက္က ကခေါင်းကိုခါရမ်းလိုက်သည်။ သူ သစ်ကိုမတွေ့ရသေးပဲနဲ့တော့ ဒီနေရာကမသွားချင်သေး။

လင်းသစ်​ နှင့်​ သက်​တန့်​ ကသူ့​ ကိုမ​တွေ့ဖြစ်​သည်​မှာ သုံး​လရှိပြီ ဖြစ်​သော်​လည်း သက္ကရာဇ်​ ကတော့

နေ့တိုင်းလိုလို သစ်​ ကိုလာစောင့်​ကာ ​ချောင်း​ချောင်းကြည့်​ပြီးပြန်​သွားခဲ့သည်ကိုတော့ သူတို့နှစ်ဦးစလုံးမသိခဲ့ကြ။

'ကိုသက်​...ဆယ်​နာရီထိုး​နေပြီ...'

မနက်​ရှစ်​နာရီတိုင်း​ကျောင်းသွားတတ်​​သော သစ်မှာ​ ယ​နေ့တော့ ဆယ်​နာရီအထိဆင်းမလာ​သေးသောကြောင့် သက္က မှာ သစ်တစ်ယောက်နေများမကောင်းဘူးလား၊ သက်တန့်နှင့်များ ပြသနာတွေဘာတွေတက်လို့လား ဟု အတွေးမျိုးစုံဖြင့်စိတ်မောရပြန်သည်။

'ခဏ​လေးပါ...။ ခဏပဲထပ်စောင့်မယ်လေ။ ငါ သစ်ကိုစိတ်ပူလို့ပါ မဟော်ရာ...။'

ကားထဲတွင်​ထိုင်​​နေရင်း ဓာတ်​​လှေကား တံခါးပွင့်​လာတိုင်း ​ခေါင်း​လေး​ထောင်​​ထောင်​သွားပြီး လင်းသစ်​ ကို ရှာ​နေ​သော သက္က ကို မ​ဟော်​ ဘာလုပ်​​ပေးရမှန်းမသိ။ ဖြစ်​နိုင်​လျှင်​ လင်းသစ်​ ကို ကြိုးတုပ်​ပြီး​တော့သာ သက္ကရာဇ်​ ​ရှေ့တွင်​ထား​ပေးချင်​မိ​တော့သည်။

'ကိုသက်​....။ ​ဆေး​သောက်​ချိန်​​ရောက်​ပြီ...'

နဂိုကတည်းက အသည်းသိပ်​မ​ကောင်း​သော သက္ကမှာ​ ဤလပိုင်းအတွင်း မတရားသောက်​ထား​သောဒဏ်​​ကြောင့်​ အခုတော့ ​ဆေးပါကူ​နေရသည်။

'ကိုသက်​...​ရော့...'

မ​ဟော်​ ​ပေး​သော ​ဆေးနှင့်​ရေကို ယူကာ သက္က ခပ်​မြန်​မြန်​သာ​သောက်​လိုက်​သည်။ လင်းသစ်​ ကိုမြင်​​တွေ့ရမည့်​ စက္ကန့်​ပိုင်း​လေးကို နည်းနည်း​လေးမှအလွတ်​မခံချင်​​သော​ကြောင့်​ သစ်​ လာမည့်​လမ်း​ကြောင်းကို မျက်​စိကမခွာနိုင်ပေ။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now