Ep 27

9.4K 736 14
                                    

Zawgyi

Ep 27

မနက်ခင်းသည် ထုံးစံအတိုင်းနွေးထွေးနေ၏။ မြည်​လာ​နေ​သောနှိုးစက်​ကို လင်းသစ်​ မျက်​လုံးမဖွင့်​​သေးပဲ အရင်လှမ်း​ပိတ်​လိုက်​သည်။ ထို့​နောက်​ သက်​တန့်​ ​ကျောပြင်​ကိုဖက်​ပြီး ခါးကိုခွကာ ထို​ကျောပြင်​ကျယ်​ကို​ခေါင်းထိုးပြီး အိပ်ရာမထ​သေးပဲ အသာနှပ်​​နေ​လေသည်။ သို့​သော်လည်း ကြာကြာနေလို့မရ။ ​ကျောင်းသွားရမည်​ဟူ​သောအသိ​ကြောင့်​ လင်းသစ်​ မထချင်ပဲထရတော့သည်။

'သက်​တန့်​...'

သစ်​သည် သက်​တန့်​ ပုခုံးကိုအသာလှုပ်​နှိုးလိုက်သည်။ သက်​တန့်​က နိုးလာ​သော်​လည်းအိပ်​​ရေးမဝ​သေး၍ မထပဲ ကိုယ်​ကို ပုစွန်ထုပ်ကလေးလို ​ကွေး၍​စောင်​ကိုဆွဲခြုံလိုက်​​သည်။

'သက်​တန့်​....။ ထ​တော့ကွာ...။'

'ငါဗိုက်​ဆာပြီ....ထ​တော့...'

လင်းသစ်​ သက်​တန့်​ အကျီ င်္စ​လေးကိုဆွဲကာ နှိုး​​နေ​သော်​လည်းမရ။ သက်​တန့်​​ ပေကပ်​​နေသည်။

သက္က အ​ပေါ်ဆိုးခဲ့သမျှ လင်းသစ်​ ဝဋ်​လည်​ပြီဟု​တွေးမိကာ ​သက်​ပြင်းချရင်း စောင်​ကို​ခြေ​ထောက်​ဖြင့်​ကန်​ထုတ်​လိုက်​သည်။ ထို့​နောက်​ထထိုင်​လိုက်​ကာ ခေါင်းကိုလက်​နှစ်​ဖက်​ဖြင့်​ဖွလိုက်​ပြီး အိပ်​ချင်​​နေ​သေး​သောမျက်​လုံးကိုပွတ်​လိုက်​ရင်း သက်​တန့်​ ကိုကြည့်လိုက်မိ​​တော့ ​ဘေးတစ်​​စောင်းအိပ်​​နေ၍ မြင်နေရသည့် သေသေသပ်သပ်အချိုးကျကျ မေးရိုး ကိုကြည့်၍ ပြုံးမိပြန်သည်။ ထို့​နောက်​ သူနှစ်သက်မက်မော​လှ​သော ထို​မေးရိုးမှလည်​တိုင်​တစ်​​လျောက်ကို မြတ်မြတ်နိုးနိုး ​နမ်းလိုက်​ပြီး ထလာခဲ့သည်။

ထို့​နောက်​ သူ​ ​ရေချိုးခန်း ထဲတွင်​ သွားတိုက်​​နေချိန်​မှ သက်​တန့်​ လည်းထလာသည်။ ပါးစပ်​ တွင်​သွားတိုက်​​ဆေးအမြုပ်​က​လေးများဖြင့်​ ချစ်​စဖွယ်​ဖြစ်​​နေ​သော လင်းသစ်​ ကိုမြင်​​တော့ သက်​တန့်​ မ​နေနိုင်​​တော့ပဲ သစ်​ ကိုအ​နောက်​မှသိုင်းဖက်​ထားလိုက်​ပြီး သစ်​ ပုခုံး​ပေါ်​​မေးတင်​ကာ မျက်​စိကိုမှိတ်​ထားမိသည်။ 

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now