Ep 31

8.7K 688 7
                                    

Zawgyi

Ep 31

'ကိုသက်​....'

မဟော်သည် သက္ကကိုခေါ်လိုက်ရင်း ကားထဲမှထွက်လာသည်။ ရုံးထဲမှထွက်​လာ​သော သက္ကမှာ​ ကားနား​ရောက်​ခါနီးမှ လက်​ထဲမှမနိုင်​မနင်းဖြစ်နေသော စာရွက်​များ ​လျော၍လွတ်​ကျသွားရသည်။ ကျသွား​သော စာရွက်​စာတမ်း များမ​ဟော်​ပါကူ​ကောက်​​ပေးရင်း သက္ကရာဇ်​ ​မေးဖျားတွင်​ ​ချွေးစက်​များတွဲလဲခို​နေသည်​ကို​တွေ့လိုက်ရသည်။

'သွားမယ်​​လေ...'

'ကိုသက်​....။ တစ်နေကုန် အလုပ်လုပ်ရတာ ပင်​ပန်း​နေပြီလား...'

'ဒီလိုပါပဲ ပထမဆုံး ​နေ့ဆို​တော့...'

နှစ်​​ယောက်​သားကားထဲတွင်​ထိုင်​လိုက်​ပြီးမှ မ​ဟော်​ ကကားစက်​နှိုးပြီး aircon ကိုချက်​ချင်းအမြင့်​ဆုံးမြှင့်​လိုက်​သည်။ 

'ကိုသက်​...ပင်​ပန်းရင်​လဲမလုပ်​နဲ့ဗျာ...။ လစာတစ်​ပဲ​​ခြောက်​ပြားနဲ့... ။'

သက္ကသည် မဟော့်စကားကြောင့် ရယ်မိပြီး မဟော့်ဆံပင်များကို လှမ်းဖွလိုက်လေသည်။

'အခုမှတစ်​ရက်​ထဲလုပ်​ရ​သေးတာပါမ​ဟော်​ရာ...။ ပြီး​တော့ လစာထက်​အ​တွေ့အကြုံလိုချင်​လို့လုပ်​​နေတာ...'

'ကျွန်တော်က ကိုသက်​ ပင်​ပန်းမှာစိုးလို့ပါ....'

ကြံဖန်​ပူတတ်​လွန်း​သော မ​ဟော့်​​ကြောင့်​ သက္ကရာဇ်​ ပြုံးမိသည်​။ ထိုကောင်လေးသည် သူနှင့်ပက်သက်လျှင် အရာရာကို ဂရုတစိုက်ရှိလွန်လေသည်။ နောက် သက္ကက မျက်​စိအသာမှိတ်​ကာအ​မော​ဖြေ​နေစဉ်​ ကိုင်​ထား​သောဖုန်းက လင်းလာသည်။

'ကိုသက်​....ဖုန်းလာ​နေတယ်​....'

သူဖုန်းကို ကောက်ကိုင်လိုက်တော့ ထွက်ပေါ်လာသည့်အသံမှာ

'သက္က...'

'ဟင်​....အသက်​....မင်းငါ့ကိုဆက်​သွယ်​​သေးတယ်​​နော်​....။ ပြော...မင်းဘယ်​မှာသွား​သေ​နေတာလဲ ဟင်။ သစ်​...ဘယ်​​လောက်​စိတ်​ပူ​နေတယ်​ဆိုတာရောသိရဲ့လား.....'

သက်​တန့်​ ခရီးထွက်​သွားသည်​မှာ နှစ်​ပတ်​တောင်ရှိပြီ ဖြစ်သော်လည်း ထိုနှစ်​ပတ်လုံး​ ဖုန်းတစ်​ချက်​​တောင်​မဆက်

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now