Ep 8

12.5K 1K 4
                                    

Zawgyi

Ep 8

ကျွန်တော် ညစာဝယ်ပြီးပြန်လာသောအခါ အိပ်​ရာ​ပေါ်တွင်​ ​ခွေ​ခွေ​လေးအိပ်​​နေ​သည့် လင်းသစ်​ကိုကြည့်​ပြီး အနည်းငယ်​တော့သနားမိသွားသည်​။ နောက် သူ့လက်​တွင်​ ကြိုးရာထင်​ကာ ရဲ​နေပြီဖြစ်​သည်​။ ကျွန်တော်ချည်ထားခဲ့သော

ကြိုးမှာ ထင်ထားသည်ထက်ပိုမိုတင်းကြပ်သွားဟန်တူသည်။ သို့​သော် ဒီလိုမှမလုပ်​လျင်ဒီကောင်လေးကိုကျွန်တော်

ဘယ်​လိုမှမထိန်းတတ်​ပါ။

သက်​တန့်​ အခန်းထဲဝင်​လာသည်​နှင့်​ အအိပ်​ဆတ်​​သော လင်းသစ်​နိုးလာလေသည်​။ သက်တန့်သည်ဝယ်ခြမ်း

လာသော စားစရာများကို ခုံပေါ်ခဏတင်ရင်း အခန်းတွင်းသို့အလင်းရောင်ပိုဝင်စေရန်ငွေမှင်ရောင်လိုက်ကာ

စကြီးကိုဆွဲဖွင့်လိုက်သည်။ သူတို့နေထိုင်ရာ ကွန်ဒိုမှကြည့်လိုက်လျှင် ရွှေတိဂုံဘုရားနှင့်ရန်ကုန်မြို့ကြီးကို

ကောင်းစွာမြင်နိုင်၏။ မြို့ပြသည် လူများ၊ကားများ၊ လမ်းများဖြင့်ပြွတ်သိပ်ရှုပ်ပွနေသည်။

'လက်​နာ​နေပြီလား...'

လင်းသစ်​ သည်ဘာမှမ​ပြော။ စိတ်တိုနေဟန်တူသည်။

'ထမင်းစားမယ်​​လေ...ထ...'

' သွားစမ်းပါကွာ ။ မင်းဘာသာမင်းဝ​အောင်​စား...'

'မင်းမစားပဲ ငါစားရင်​ဘယ်​​ကောင်းမလဲ...အားနာစရာကြီး ဟီးဟီး'

'အဲ့ဒါဆိုမစားနဲ့ပေါ့ ရှင်းရှင်းလေးကို...'

'ဒါ​ပေမဲ့ ငါ​ဗိုက်​ဆာတယ်​ကွ..လင်းသစ်​...ထပါကွာ..လာ။ စိတ်​​ကောက်​မ​နေစမ်ပါနဲ့...'

လင်းသစ်​ကို သက်​တန့်​ အတင်းဆွဲထူလိုက်​ပြီးကြိုးများပြန်​ဖြည်​​ပေးလိုက်​သည်​။

'​ရော့....စား'

သက်​တန့်​​ပေး​သော ​ဖော့ဘူးကို လင်းသစ်​ဘာမှမပြောဘဲ ယူလိုက်​​သော​ကြောင့်​ သက်​တန့်​အံ့သြသွားသည်​။ ပုံမှန်​ဆို သူ့အကျင့်စရိုက်က ကြိုးဖြည်​​ပေးသည်​နှင့်​လူကို ထထိုး​လောက်​သည့်​ဒေါသနှင့်လူမျိုး။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now