Ep 43

8.3K 606 3
                                    

Zawgyi

Ep 43

'ဒါဆို သူမပါ​ဘူး​ပေါ့....'

သစ်မေးသည့် မေးခွန်းကို သက္ကသည်ခေါင်းငြိမ့်ကာ အဖြေပေးလိုက်သည်။ သစ်ကိုမျက်လုံးခြင်းဆိုင်၍ကြည့်ရန် ခက်ခဲနေသောကြောင့် ခေါင်းကိုငုံ့ထားမိသည်။ သက်တန့်ကိုပြန်ခေါ်မလာနိုင်ခဲ့ခြင်းအတွက် သစ်ကို ဘယ်လိုစကားလုံးများနှင့် အကြောင်းပြချက်ပေးရမလဲဆိုတာကိုတွေးရခက်နေသည်။ သစ်ထံမှ ထွက်ကျလာမည့်စကားလုံးတို့ကို နားထောင်ရန် မဝံ့ရဲသော်လည်း အသက်မရှုမိဘဲ နားထောင်နေ၏။

'သစ်​....အသက်​ကလေ..'

'​တော်​ပြီ...သက္က....။ မ​ပြောနဲ့​တော့...ငါသိတယ်။ ငါက သူ့အတွက် ဘာမှအရေးမပါဘူးဆိုတာ ငါသိတယ်။ '

တည်ငြိမ်နေသည့် သစ်၏လေသံကြောင့် သစ်မျက်နှာကို သက္ကကြည့်လိုက်သောအခါ အရင်လိုမျက်ရည်များရှိမနေတော့ဘဲ ခံစားချက်ကင်းမဲ့နေသည့် မျက်နှာမျိုးသာရှိနေသည့် သစ်ကိုတွေ့လိုက်ရသည်။

ထို့နောက် သစ်ကသူ့ကိုကြည့်ကာပြောသည်။

'မင်းအိမ်​မပြန်​ဘူးလား.....'

သက္ကထံမှ လေးလေးပင်ပင်ထွက်သက်တစ်ခု ထွက်လာသည်။ ထို့နောက် သစ်လက်ကိုကိုင်ကာပြောလိုက်၏။

'ငါမင်းကိုစိတ်​မချဘူး...သစ်​....'

'ငါကဘာဖြစ်​​နေလို့လဲ...။ ငါတစ်​​ယောက်​တည်း​နေနိုင်​ပါတယ်​...။ မင်းပြန်​​တော့...'

သစ်က နှင်ထုတ်သောအခါ ကိုင်ထားသောလက်ကလေးကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။

'ငါပြန်​မှာပါ....။ ဒါ​ပေမဲ့ အခု​တော့မဟုတ်​​သေးဘူး..'

'မင်းက ငါ့စကားနားမ​ထောင်​​တော့ဘူးလား...။'

'ဒီတစ်​ခါ​တော့ နားမ​ထောင်​ဘူး......'

v

ဝယ်လာသော နန်းကြီးသုပ်များကို သက္က ပန်းကန်ထဲတွင်ထည့်နေသည်။ စားချင်စားဖွယ် အဝါရောင် နန်းကြီးသုပ်များကိုကြည့်နေရင်း သစ်ကိုဘယ်လိုကြွေးရမလဲဆိုတာကို တွေးရင်း ရူးချင်လာ၏။ သူ ဒီမှာနေနေသည့် သုံးလေးရက်အတွင်း အခက်ခဲဆုံးအလုပ်မှာ သစ်ကို အစာဝင်အောင်ကြွေးရခြင်းပင်ဖြစ်၏။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now