Zawgyi
Ep 13
ထို့နောက် ကားကတဖြည်းဖြည်းနှင့် ပန်းလှိုင်ဆေးရုံဆီသို့ဦးတည်လာရာ
'ဟင်...ကိုသက် ဆေးရုံကို ဘာဖြစ်လို့လာတာလဲ..'
'မင်းမရှည်ပါနဲ့...မင်းလိုက်ပို့ရရင်ပဲကျေနပ်ပါပြီလို့ပြောခဲ့တယ်မလား..အခုပြီးပြီ...ပြန်တော့...'
သက္ကရာဇ် သည်ကားပေါ်ကဆင်းသည်နှင့် အပြတ်ပြောပြီး ခပ်သုတ်သုတ် ထွက်သွားလေသည်။ တစ်ယောက်တည်းကျန်ခဲ့သော မဟော်ကတော့ သောက်နေသောဆေးလိပ်ကိုစိတ်တိုစွာဖြင့် ခြေမွပစ်လိုက်သည်။
Reception တွင်မေးမြန်းနေသော ကိုသက် ကိုကြည့်ကာ ကျွန်တော် မပြုံးမိပဲ မနေနိုင်။ ကိုသက် မှာ
အလွန်စမတ်ကျသည်။ ချောမောသည်ထက်ပိုကာ ဆွဲဆောင်မှုရှိသည်။ ကိုသက်၏အစိတ်အပိုင်းတိုင်းသည် နှစ်သက်မြတ်နိုးဖွယ်ဖြစ်သည်။ ယခင်က ကျွန်တော် Gay ဆိုကြည့်မရခဲ့ သော်လည်း ကိုသက်နဲ့တွေ့မှ ခံယူချက်တွေအားလုံးမြောင်းထဲရောက်ကုန်သည်။ ကိုသက် ကို မဖြစ်မနေပိုင်ဆိုင်ရမည်ဟူသော စိတ်မျိုးတော့မရှိပါ။ သို့သော် ကိုသက် အနားမှာတော့ နေရမှဖြစ်မည်။ ယခင်က ဆံပင် ကို အရောင်မျိုးစုံအောင်ဆိုးသော ကျွန်တော်.. ကိုသက်ကိုတွေ့မှ ကိုသက်၏ ဆံပင် အနက် များကိုသဘောကျကာ ဆံပင်ကိုအနက် ပြန်ဆိုးမိသည်။ ကိုသက် မကြိုက်လောက်သော အဝတ်အစားများကိုလည်း အလိုလိုမဝတ်ြဖစ်တော့။
သို့သော် ကျွန်တော်ကအခုလို သေလောက်အောင်ကြိုးစားနေပါလျက် ကိုသက်ထံမှ စကားကောင်းကောင်းတောင်အပြောမခံရ။ ကိုသက်မှာ ကျွန်တော့်ကိုခွေးလေခွေးလွင့် တစ်ကောင်လိုသာ သဘောထားဟန်တူသည်။ ကံတရားကမရက်စက်။ ကိုသက် ကရက်စက်နေသည်
ကျွန်တော် ကိုသက်နောက်သို့လိုက်သွားရာ ကိုသက်က အခန်းတစ်ခန်းထဲမှထွက်လာသော လူတစ်ယောက်ဆီကိုသက်ပြေးသွားသည်။ ကျွန်တော်လည်းထပ်ကြပ်မခွာ လိုက်မိသည်။ ကိုသက် အနားမှရှိသမျှအရာ ကျွန်တော်သိရမှဖြစ်လိမ့်မည်။
YOU ARE READING
Crossfire Of Clover (Myanmar BL OC )[Complete]
RomanceZawgyi+Unicode Myanmar BL Novel. မျက်ရည်ခိုင်အောင်လုပ်ပြီးမှဖတ်ပါ... Author: :LeeSeungHan(Moepyhar)