Ep 6

15.2K 1.2K 20
                                    

Zawgyi

Ep 6

မနက်​အ​စောကြီးနိုး​လာသောကြောင့် ကျွန်တော့်အား ဖက်​ထား​သော သက္က၏ လက်​​မောင်းကို အသာဖယ်​ကာ ထလိုက်​မိသည်​ မျက်​နှာသစ်​ရန်​ ​ရေချိုးခန်း ထဲဝင်​လာ​တော့ သက်​တန့်​ နှင့်​တည့်​တည့်​တိုး၏။ ​ရေစက်​များတွဲလဲခို​နေ​သောသက်​တန့်​ ခန္ဓာကိုယ်​ ကိုကြည့်​ရင်းအသက်​ရှုဖို့ ​တောင်​​မေ့ချင်​ချင်​ဖြစ်​သွားသည်။ အညိုရောင်ဆံပင်များကို တဘတ်​အဖြူနှင့်​သုတ်​​နေ​သော သက်​တန့်မှာ​ရေချိုး ပြီးစဖြစ်​၍ အသားအရည်​မှာကြည်​လင်​​သန့်ပြန့်နေသည်။ သူသည်တစ်နေ့တခြားပိုမိုကြည့်ကောင်းလာသည်မှာအမှန်ပင်ဖြစ်သည်။ သို့​သော်​ ကျွန်​​တော်​သည်​ သက်​တန့်​ နှင့်​ပတ်​သက်​လျင်​ဟန်​​ဆောင်​အ​ကောင်းဆုံးသူ မဟုတ်​ပါလား။

'မျက်​နှာသစ်​မလို့လား...'

'မျက်​နှာသစ်​ဖို့လာ​တာ​ပေါ့...ငါကဘာလုပ်​ဖို့လာရမှာလဲ...'

'မင်းက ဘာလဲကွ။ အကောင်းမေးနေတာကို။ ​ရေချိုးမယ်​ဆို ​ရေတင်​​ပေးမလို့​မေးတာ...​ရေမရှိ​တော့ဘူး...'

'မချိုးဘူး...မျက်​နှာပဲသစ်​မှာ...'

'ဘာပဲဖြစ်​ဖြစ်​ပါ ​ရေတင်​လိုက်​မယ်​ ပြီးရင်​ သက္က လည်းချိုးဦးမှာပဲဟာ..'

'သ​ဘောပဲ....'

ကျွန်​​တော်​ အကျီ င်္ဝတ်​ပြီး အခန်းထဲမှပြန်​ထွက်​လာ​တော့ သက္က နိုး​နေပြီဖြစ်​သည်​။ မီးဖိုထဲ တွင်​​ကော်​ဖီ​ဖျော်​​နေ​သော လင်းသစ်​ ကိုအ​နောက်​မှဖက်​ကာ​ကြောင်​တစ်​​ကောင်​လိုကပ်​လျက်​ချွဲ​နေသည်​။ လင်းသစ်​ ကို သက္က ဘာကြည့်​ပြီးကြိုက်​တယ်​စဉ်းစားမရ။ လင်းသစ်​ မှာ တစ်​ကယ်​ကို ​ပြောရဆိုရလက်ပေါက်ကပ်သူ ဆက်ဆံရခက်​သူဖြစ်​သည်

'သက္က...မျက်​နှာ သွားသစ်​ကွာ...ညစ်​ပတ်​တယ်​ '

'ဟာ...'

သက္က ​ပေကပ်​​နေပြီး လင်းသစ်​လည်​တိုင်​ကိုငုံ့နမ်း​နေ​သေးသည်

'မနမ်းနဲ့ကွာ....ညစ်​ပတ်​တယ်​...'

သက္က ကလင်းသစ်​ကို သူ့ရင်​ခွင်​ကျယ်​ကြီးထဲမြုပ်​​နေ​အောင်​ဖက်​ထားသည်​။ လင်းသစ်၏ခန္ဓာကိုယ်သေးသေးလေးကို သူ့လက်မောင်းများကြားထဲတွင်ဆွဲနှစ်လို့ထားသည်။ ဤပုံစံကိုမြင်​ရ​တော့လည်း လင်းသစ်​ မှာ တစ်​ကယ်​ကိုချစ်စရာကောင်းသောအကောင်ကလေးဖြစ်သည်​။ ထို့​ကြောင့်​လည်း သက္ကက လင်းသစ်​ကို အရူးအမူးချစ်နေခြင်းဖြစ်လိမ့်မည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now