Ep 15

10.5K 853 10
                                    

Zawgyi

Ep 15

မနက်ခင်းသည် နေသာကာအနည်းငယ်နွေးထွေးနေ၏။ မှန်တံခါးကိုဖြတ်သန်း၍ကော်ဖီဆိုင်အတွင်းသို့အသာ

အယာကျရောက်လျက်ရှိသော ခပ်ဖျော့ဖျော့ နေရောင်ခြည်သည် တစ်မျိုးတစ်မည်လေးလှပနေသည်။ ဆိုင်၏ထောင့်ကျကျ နေရာတွင်ထိုင်နေသော သက်တန့်သည်မှာထား​သောမနက်​စာကိုမစားပဲ ​မှိုင်​​တွေ​တွေဖြင့်​ကြည့်​​နေသည်။

'အသက်​...'

အ​နောက်​မှ ရုတ်တရက်ပုခုံးကိုလှမ်းပုတ်​လိုက်​​သော​ကြောင့်​ သက်တန့်အနည်းငယ်လန့်​သွား၏။ တစ်ညလုံး အိပ်ထားဟန်မတူသောမျက်လုံးများက အနည်းငယ်ညိုနေသည်။ သက္ကကိုရုတ်တရက်တွေ့လိုက်ချိန်တွင်မူ သူ့မျက်နှာမှခံစားချက်များကို ဖုံးကွယ်စေရန်အပြုံးတစ်ခုကိုဖန်တီးလိုက်မိ၏။ မျက်လုံးများကတော့ သစ်ကိုတိတ်တခိုးရှာမိသည်။

' သြော် သက္က....။ မင်းတို့ရောက်လာပြီကိုး...။ '

'ငါတို့ကို ဘာလို့မ​စောင့်​တာလဲ...။ တစ်​​ယောက်​တည်းလာစား​နေတယ်​...။'

'မင်းတို့ကိုမနှိုးချင်​လို့ပါ...ငါလည်းအ​စောကြီးနိုး​နေတာနဲ့...'

လင်းသစ်​ က သက်​တန့်​၏ နံ​ဘေးတွင်ဝင်​ထိုင်​လိုက်​​သော​ကြောင့်​ သက္ကမှာလင်းသစ်​၏ အ​ရှေ့မျက်​နှာချင်းဆိုင်​တွင်​ထိုင်​လိုက်​သည်။ သို့သော် သစ်မှာ သက်တန့်ကိုတစ်ချက်ကလေးတောင်မကြည့်ပဲ ဖုန်းကိုသာကြည့်နေသည်။ သက်တန့်ကတော့ မျက်လုံးထောင့်စွန်းကလေးများမှတစ်ဆင့် သစ်ကိုခိုးကြည့်နေမိသည်။

'သစ်​...ဘာစားမလဲ...'

'Sandwishs..'

သစ် မျက်လုံးများသည် ဖုန်းဆီမှမခွာပဲ ပါးစပ်ကသာပြောလိုက်ခြင်းဖြစ်သည်။

'အင်း...ဒါဆိုငါလည်းအဲ့တာပဲစားမယ်​...'

'ကျွန်​​တော်​​ရောပဲ....'

ရုတ်တရက်ထွက်ပေါ်လာသည့် ရင်းနှီးပြီးသားအသံဖြစ်သောကြောင့် မော့ကြည့်လိုက်ရာ

'ခန့်​မ​ဟော်​...။ မင်း​စော​စောစီးစီးဘာလာရှုပ်​ပြန်​ပြီလဲ...'

Crossfire Of Clover (Myanmar BL OC )[Complete]Wo Geschichten leben. Entdecke jetzt