Ep 29

8.8K 720 17
                                    

Zawgyi

Ep 29

'ကိုသက်​...ရာ....။ ကျွန်​​တော်​သာကိုသက်​ နဲ့ယူလိုက်​ရင်​ ပင်​ပန်းလို့ ​သေမှာပဲသိလား....'

စက္ကူပုံးကို မ လာရင်း ရွှတ်​​နောက်​​နောက်​​ပြောလိုက်​​သော မ​ဟော့်​ ကိုသက္ကကမျက်စောင်းတစ်ချက်ထိုးရင်း ခြေ​ထောက်​ကို တစ်​ချက်​ဖြတ်​ကန်​လိုက်​သည်။ မဟော်ကတော့ သက္ကကိုပေစောင်းစောင်းကြည့်ရင်းစက္ကူပုံးများကို နေရာချနေ၏။ မကျေနပ်သည့်မျက်နှာပေးမှာ စာရေးထားသကဲ့သို့ သူ့မျက်နှာတွင် အထင်းသားပေါ်နေလေသည်။ မကျေနပ်ရသည့်အကြောင်းမှာတော့​ ပဲခူးတွင်​​နေရာမှ လင်းသစ်​ နှင့်​ အ​ဆင်​​ပြေသွားသည်​နှင့်​တပြိုင်​နက်​ အိမ်​ကို ချက်​ချင်း ရန်​ကုန်​သို့ပြန်​​ပြောင်းလာ​သော သက္က​ကြောင့်​ပင်​ဖြစ်​သည်။

အိမ်ပြောင်းသည်နှင့်ပက်သက်၍ မ​ဟော်​ အစအဆုံးဝိုင်းလုပ်​​ပေး​သော်​လည်း ပွစိပွစိလုပ်ကာ မကျေနပ်ကြောင်းကိုဖော်ပြလျက်ရှိသည်။ ယခင်​ ကွန်​ဒို နှင့်​မနီးမ​ဝေး အိမ်​​လေးတစ်​အိမ်​သို့​ပြောင်းလာ​သော​ကြောင့်​ မ​ဟော်​ စိတ်ထဲတွင် ပို၍ပူပန်ရသည်။

သို့​သော်​လည်း သူ့အနေဖြင့် ဘာကိုမှ မလွန်​ဆန်​နိုင်​...။ ဖြစ်​နိုင်​လျှင်​ ကိုသက်​ နှင့်​အတူ အ​မေဇုန်​​တောထဲ၌သာသွား​နေချင်​​တော့သည်။ ထိုမှသာ လင်းသစ်​ နှင့်မ​တွေ့ရ​တော့မည်​ဖြစ်​သည်။ သို့​သော်လည်း​ တိုးတက်​လာ​သော ကိုသက်​၏အ​ခြေအ​နေ​ကြောင့်​​ အနည်းငယ်​ စိတ်​​အေးရသည်။ ကိုသက်မှာ​ ယခင်​လို အရက်​လည်းမ​သောက်​​တော့ အအိပ်​အစား ​မှန်​သလို အလုပ်​ပင်​ ပြန်​လုပ်​ရန်​ပြင်​​နေသည်။ သို့​သော်​ အလုပ်​​တော့မလုပ်​​စေချင်​။ ဖြေသမျှ အင်​တာဗျူးတွင် ပြုတ်​ရန်​သာဆု​တောင်း​နေမိသည်။ အဘယ်ကြောင့်ဆိုသော​ အလုပ်​လုပ်​ပါက ကိုသက်​ ကို ​တွေ့ရမည့်​အချိန်​ ​လျော့သွားလိမ့်​မည်။

ပွရှုပ်​​နေ​သောကြမ်းပြင်​ တွင်​ မ​ဟော်​ပစ်​လှဲချလိုက်​ပြီး မျက်​လုံးများမှိတ်​ထားကာ အတွေးပေါင်းစုံကို တွေးတောနေမိသည်။ အိမ်​မှာ နှစ်​ထပ်​အိမ်​​လေးဖြစ်​ပြီး လူမ​နေမှာ နှစ်​လ​ကျော်​ရှိ​သော အိမ်​ဖြစ်​​သောကြောင့်​ တက်​​နေ​သောဖုန်​များကိုပင်​မနည်းလိုက်​ရှင်းရမည်။ သက္ကရာဇ်​ ကတော့ လတ်​တ​လော နေမည့်​ အခန်းနှစ်​ခန်း ကိုသာအရင်​ရှင်း​နေသည်။

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now