Zawgyi
Ep 51
'ငါ.....ငါမင်းကို...ပြန်လျော်ပေးမယ်...အသက်...'
ထိုသို့ပြောကာ ပြေးထွက်သွားသော သက္ကနောက်ကို မဟော်ပြေးလိုက်သည်။
'ကိုသက်.......ကိုသက်....'
ပြေးထွက်လာသော သက္ကရာဇ် နောက်သို့မဟော်လိုက်လာရင်း သက္ကရာဇ် နာမည်ကိုသာအကြိမ်ပေါင်းများစွာခေါ်နေမိသည်။ သက္ကကားထဲဝင်ထိုင်သည်ကို မြင်လိုက်သောအခါ သူလည်း အပြေးအလွှားလိုက်ဝင်၏။
ကားထဲဝင်ထိုင်လိုက်သော သက္ကသည်မျက်ရည်များကို သုတ်နေသော်လည်း ထိုမျက်ရည်များက တားမရပေ။ ကားသော့ကို လှည့်ဖွင့်နေသော လက်များက တုန်ရီ၏။
'မင်းဆင်းတော့....မဟော်....'
'ဘယ်သွားမှာလဲ....ကျွန်တော်လဲလိုက်မယ်....'
'မင်းကိုဆင်းလို့ပြောနေတယ်.....'
အသံကုန်အော်နေသော သက္ကရာဇ် ကို မဟော် မနာခံနိုင်။
'မဆင်းဘူး......။ ကိုသက် ဘယ်သွားသွား...ကျွန်တော်လိုက်မယ်....'
ရုတ်တရက် ငြိမ်သက်သွားသော သက္ကသည် ကားလမ်းမကိုကြည့်နေသည်။ သူ့စကားသံက အေးစက်နေ၏။
'အေး....ငါအခု သွားသေမလို့.....။ မင်းလိုက်မှာလား.....။'
'ဟင်....ကိုသက်....။ ကိုသက် ဘာပြောတယ်။'
'အဲဒါကြောင့် မင်းဆင်းတော့.......။'
သက္ကကို တစ်ယောက်တည်းမလွှတ်လိုက်နိုင်သော မဟော်က ခေါင်းခါလိုက်သည်။ ထိုအခါ သက္ကက ကားကို ခပ်ကြမ်းကြမ်းမောင်းထွက်လာတော့သည်။ အရှိန်ပြင်းစွာ တင်ကာမောင်းထွက်သွားသော ကားကလေးသည် ဆေးရုံဝန်းအတွင်းမှ တစ်ခဏအတွင်းပျောက်ကွယ်သွားတော့သည်။
v
'သစ်.....။ မင်းဘယ်သွားမလို့လဲ...'
'ငါ..ငါ...သက္က နောက်ကိုလိုက်သွားမှဖြစ်မယ်...။'
သစ်က အသံတုန်ရီစွာဖြင့်ပြောသည်။ ပြေးထွက်သွားသော သက္ကရာဇ် ကိုကြည့်ရင်း သူ့ရင်ထဲ လွန်စွာ လေးလံလာသည်။ သက္က နှင့်အတူတူအကြာကြီးနေလာသူမို့ သက္က တစ်ခုခုလုပ်တော့မည်ကို စိတ်ထဲက သိနေသည်။
YOU ARE READING
Crossfire Of Clover (Myanmar BL OC )[Complete]
RomanceZawgyi+Unicode Myanmar BL Novel. မျက်ရည်ခိုင်အောင်လုပ်ပြီးမှဖတ်ပါ... Author: :LeeSeungHan(Moepyhar)