Ep 48

9.1K 593 38
                                    

Zawgyi

Ep 48

ခွဲစိတ်ခန်း​ရှေ့တွင်​ result ​စောင့်​​နေ​သော သစ်​ ကို သက္ကသည် ရင်​တထိတ်​ထိတ်​ဖြင့်

အ​ဝေးမှလှမ်းကြည့်​​နေရင်း ရပ်​​နေ​သော​ခြေလှမ်းများမှာအားမရှိ​တော့သောကြောင့် နံရံကို အားပြုကိုင်​ထားရသည်။

ယာဉ်​​မောင်း​ နှင့်​ စူးရှ ဘာမှမဖြစ်သော်လည်း​ သက်​တန့်​ ​​ခေါင်းထိပြီး​သွေးထွက်​လွန်​ကာ ​ဒေါ်ချယ်​ရီ စိုးရိမ်​ရသည်​ဟူ​သော သတင်းက သက္ကရာဇ်​ ကို အကြီးအကျယ် တုန်လှုပ်စေသည်။ သက်တန့်တစ်ခုခုဖြစ်သွားမှာကိုကြောက်သော အကြောက်တရားက သူ့ကို ခြောက်လှန့်နေ၏။

လင်းသစ်​ အနီးတွင်​​ရပ်ကာအတူတူစောင့်ပေးမေသော မ​ဟော်​ ​ရောက်​​နေကတော့ သက္က​ကိုသာ စိုးရိမ်​တကြီးဖြင့်​ လှမ်းလှမ်းကြည့်​​နေသည်။

နာရီပိုင်းမျှကြာသော အခါ ခွဲစိတ်ခန်းထဲမှ ဆရာဝန်ကြီးထွက်လာလေသည်။

အခန်းထဲမှထွက်​လာ​သော ဆရာဝန်​ကို သက္ကရာဇ်​ ဆက်​မကြည့်​ရဲ။ မျက်​စိစုံမှိတ်​ကာ ​ပေါက်​ထွက်​မတတ်​ ခုန်​​နေ​သော ရင်​အစုံကိုလက်​ဖြင့်​အသာဖိထားသည်။ ထို့​နောက်​နီးကပ်​လာ​သော မ​ဟော့်​ ​ခြေသံကို အသက်​ပင်​ရဲရဲမရှုရဲ ပဲနား​ထောင်​​နေမိသည်။ အသက်သာ တစ်ခုခုဖြစ်သွားမည်ဆိုလျှင် သူသည်ကိုယ့်ကိုယ်ကို ဘယ်တော့မှ ခွင့်လွှတ်နိုင်တော့မည် မဟုတ်ပေ။

'ကိုသက်​......'

မျက်​လုံးဖွင့်​ပြီး မ​ဟော့်​ ကိုမကြည့်​​သေးပဲ သစ်​ကိုကြည့်​လိုက်​​တော့ သစ်​ ပုံစံမှာအရုပ်​ကြိုးပြတ်​သလို ထိုင်​​နေသည်။ 

'မ......မ​ဟော်​.....ဘာ....ဘာ​တွေဖြစ်ကုန်ပြီလဲ....'

'အသက်​.....အသက်​....အ​ခြေအ​နေကရော....'

မဟော့်က သူ့နားကပ်လာပြီး သူ့လက်ကို ကိုင်လိုက်သည်။ ထို့နောက် ခပ်တိုးတိုးပြော၏။

'သက်​တန့်​အခြေအနေက အရမ်းတော့မစိုးရိမ်ရပါဘူးတဲ့။ ခေါင်းကို​တော့ချုပ်​လိုက်​ရတယ်​... ကိုသက်​။ ​သွေးထွက်​တော့ နည်းနည်းများသွားတယ်....။ အသက်​အန္တာရာယ်​​တော့မရှိ​တော့ပါဘူးတဲ့.....ဒါ​ပေမဲ့...'

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now