Ep 32

8.3K 677 10
                                    

Zawgyi

Ep 32

ငွေရောင် ပိုးသားလိုက်ကာစကြီးကို ဆွဲဖွင့်လိုက်သောအခါ နေရောင်ခြည်အလင်းတန်းများသည် အခန်းထဲသို့ ညင်သာစွာ တိုးဝင်လာလေသည်။ မဟော်သည် မှန်ပြတင်းကို မှီထားရင်း အိပ်ပျော်နေသော သက္ကကို ကြည့်နေမိသည်။

ခဏကြာတော့ သက္ကသည်မျက်လုံးလေးများ ပုတ်ခတ် ပုတ်ခတ်လုပ်ရင်းနိုးလာလေသည်။

'Morning ကိုသက်​....'

မ​ဟော်​ ကလက်​ထဲမှ​ကော်​ဖီခွက်​ကို ​ပေးရင်း သက္ကနံဘေးတွင်ထိုင်လိုက်လေသည်။

'​ကော်​ဖီ....'

'အင်း...​ကျေးဇူး....'

သက္ကသည် အိပ်ရာထကာစဖြစ်၍ ဆံပင်များပွနေသည့်တိုင် တစ်မျိုးတစ်မည် ကြည့်ကောင်းနေသေးသည်။ မဟော်မှာ သူမက်မောသည့် သက္က၏မျက်နှာလေးကို ကြည့်နေသည့်အချိန်တိုင်းတွင် အသက်ရှုရန်တောင် မေ့နေမိသည်။

'ကိုသက်​...ကျွန်​​တော်​ ဒီ​နေ့ ဆယ့်​ကိုးနှစ်​ပြည့်​ပြီ..'

'ဟင်​.....ဒါဆိုဒီ​နေ့​မွေး​နေ့​ပေါ့....'

'အင်း....'

'​ဆောရီး...မ​ဟော်​...။ ငါ​သတိမရလိုက်​ဘူး...'

'ရပါတယ်​ဗျာ ကိစ္စမရှိပါဘူး...။ကိုသက်​...'

'အင်း​ပြောလေ...'

'ကျွန်​​တော့်​ကို လက်​​ဆောင်​​ပေး...'

'Birthday present လား​ပေးမှာ​ပေါ့...ဘာလိုချင်​လဲ...ပြော....'

'ရတယ်​...။ ဘာဖြစ်​ဖြစ်​...ကိုသက်​​ပေးတာတစ်​ခုခုပဲလိုချင်​တာ...။ '

'အင်း....ည​နေကျဝယ်​ခဲ့မယ်​...​နော်​...'

သက္က​ စကား​ကြောင့်​ ​ပျော်​ရွှင်​သွား​သော မ​ဟော့်​ မျက်​လုံး​လေးများမှာလင်းလက်တောက်ပနေတော့သည်။

'ပြီး​တော့ ကိုသက်​....'

'အင်း....'

'ကျွန်​​တော်​ ​မွေး​နေ့မလုပ်​ဖူးဘူး...။'

'ဟင်​...'

'ဟုတ်​တယ်​....။ ပြောရတာတော့မကောင်းပါဘူးဗျာ။ ကျွန်​​တော့်​မိသားစု က Broken ဖြစ်​​နေတာ​လေ...။ သူတို့အတူတူနေကြတုန်းကလည်း ကျွန်တော့်ကို မွေးနေ့လုပ်ပေးဖို့တောင် သတိမရခဲ့ကြဘူး ထင်ပါတယ်။ နောက်တော့ ကွဲသွားတော့လည်း ကျွန်တော့ မွေးနေ့ရက်တိုင်း ဒယ်ဒီကအတူတူရှိမနေခဲ့ဘူး။ မအားတာနဲ့ ခရီးထွက်နေရတာနဲ့။ အဲဒါနဲ့ပဲ ကျွန်​​တော်​လူမှန်းသိတတ်​စတည်းက ​မွေး​နေ့မလုပ်​ရ​တော့တာ...။ ခု​နောက်​ပိုင်း လည်း

Crossfire Of Clover (Myanmar BL OC )[Complete]Where stories live. Discover now