Zawgyi
Ep 19
'သစ်....သစ်....'
ရေချိုးခန်း ထဲမှမျက်ရည်များဖြင့်ပြေးထွက်လာသော လင်းသစ် မှာသက်တန့် ခေါ်သံကိုလည်းမကြားတော့ပဲ
အခန်းထဲကို ပြေးဝင်သွားသည်။ သက္ကရာဇ် ကတော့လိုက်ထွက်မလာခဲ့။သက်တန့် မှာလင်းသစ် နောက်သို့လည်း
လိုက်မသွားရဲပဲ တွေဝေစွာကြည့်နေစဉ်ပင် လင်းသစ် အခန်းထဲမှပြန်ထွက်လာသည်ကိုတွေ့လိုက်ရသည်။ လင်းသစ်၏မျက်နှာမှာ လွန်စွာတင်းမာနေသည်။ ကြေတွန့်နေသော ရှပ်အကျီ င်္ကို ကျယ်သီးပင်ပြည့်အောင်မတပ်ပဲ ကုတ်အကျီ င်္နှင့်ကားသော့ကိုလက်တစ်ဖက်ကဆွဲ၍ထွက်သလာသည်မှာ မာန်ဖီနေသောကျားတစ်ကောင်ကဲ့သို့ပင်
'သစ်...'
သက်တန့် ကလက်ကိုဖမ်းဆွဲလိုက်သော်လည်း သစ်ကဒေါသကြီးစွာ ပုတ်ချလိုက်သည်။
'ဒါတွေအားလုံး မင်းကြောင့်ပဲ သက်တန့်...'
သစ် ကသက်တန့်ရင်ဘတ်ကိုဆောင့်တွန်ကာအပြင်သို့ပြေးထွက်သွားသည်။ ပြေးထွက်သွားသည့် သစ်ကိုကြည့်ရင်း သက်တန့် ဘာဆက်လုပ်ရမှန်းမသိ ကြက်သေသေနေမိသည်။ လင်းသစ် လည်တိုင်မှ သွားရာများကတော့ သက်တန့် မျက်လုံးထဲမှမထွက်ခဲ့။ သို့သော်လည်း ငိုမိရုံမှလွဲ၍သူ ဘာကိုမှမတတ်နိုင်ခဲ့ပါပေ။
နာရီကိုကြည့်လိုက်တော့ ရှစ်နာရီခွဲနေပြီဖြစ်သည်။ သစ် ထွက်သွားသည်မှာ ရော သက္က ရေချိုးခန်း ထဲတွင်ထိုင်နေသည်မှာရော နာရီဝက်ရှိလေပြီ။ သက္က ကိုမျက်နှာချင်းမဆိုင်ချင်၍ သွားမခေါ်မိသော်လည်း မစဲသောရေသံကြောင့် သက်တန့် ဒီအတိုင်း ထိုင်နေ၍မရတော့ပေ။
စေ့ရုံစေ့ထားသောတံခါးကို အသာတွန်းဖွင့်လိုက်တော့ သက္ကရာဇ်မှာ ရေဖွင့်ထားသော ရေပန်းအောက်တွင် နံရံကိုမှီကာ ထိုင်နေ၏။
'သက္က...'
သက်တန့် ခေါ်သံကြောင့် သက္ကရာဇ် မော့ကြည့်လိုက်သောအခါ သက္ကရာဇ် ၏မျက်နှာမှာ ဖြူဆုတ်လျက် နှုတ်ခမ်း များလည်း သွေးရောင်ပင်မရှိတော့။
YOU ARE READING
Crossfire Of Clover (Myanmar BL OC )[Complete]
RomanceZawgyi+Unicode Myanmar BL Novel. မျက်ရည်ခိုင်အောင်လုပ်ပြီးမှဖတ်ပါ... Author: :LeeSeungHan(Moepyhar)