Unicode
မနက်မိုးလင်းသည့်နှင့် ကြီးမားကျယ်ပြန့်၍
ကျက်သရေရှိလှသော "ခေတ်တရာစံအိမ်" တွင် အိမ်ဖော်များသည် မိမိလုပ်ရမည့် တာဝန်ကိုယ်စီနှင့် အလုပ်ရှုပ်နေကြလေ၏ ။ ရှုပ်ယှက်ခတ်နေသော အိမ်ဖော်မ်ားက မရေတွက်နိုင်လောက်အောင် များပြားသည့်အပြင် ကျယ်ပြန့်ရှည်လ်ားလှသည့် စားပွဲပေါ်တွင်လဲ အမျိုးမျိုးသော အရသာရှိစားစရာများက စံအိမ်၏ သခင်များအလာကို အဆင်သင့် စောင့်နေလေသည်။" တီ တီ ......."
." 7နာရီ ထိုးပြီဟေ့ အကုန်လုံး အဆင်သင့့် ..............လုပ်ထားတော့......."
အနီးနားတွင် ရှိသော နှိုးစက်၏ အချက်ပေးသံကြားသည်နှင့် စားပွဲပေါ်ရှိ အရာအားလုံးက အဆင့်သင့်ဖြစ်နေရမည်မှာ အိမ်ဖော်အားလုံး၏ တာဝန်တစ်ခုတွင်ပါဝင်လေသည် ။ ထို့ပြင် အိမ်တော်ထိန်း
အဒေါ်ကြီးတစ်ဦး၏အသံကလဲ အိမ်ဖော် အလုပ်သမားများ အကုန်ကြားစေရန်အတွက် လုံလောက်ပါသည် ။ထို့နောက် မြည်နေသော နှိုးစက်ကိုပိတ်ပြီးလျှင် အိမ်ဖော်များသည် ရှည်လျားသည့် စားပွဲ၏ဘေးတစ်ဖက်စီတွင် အစီအရီ ရပ်နေကြသည် ။ စားပွဲပေါ်ရှိ ပြောင်လတ်နေသော ပန်းကန်မ်ားကလဲ ပိုင်ရှင်မဲ့နေရာကိုယ်စီ၌ အသီးသီး အဆင်သင့် ရှိနေကြသည် ။
ထို့နောက်ထမင်းစားခန်းထဲသို့
အသက်၄၀အရွယ် လူကြီးတစ်ဦး ပထမဦးစွာဝင်ရောက်လာသည် ။ ထိုလူကြီးသည် နက်မှောင်သော ဆံပင်တို့ကို သပ်ရပ်စြာ လှန်တင်ထားလေသည် ။ မွန်လုံချည် အျပာရောင်နှင့် တီရှပ်အဖြူရောင််ကို ဝတ်ဆင်ထားသော ထိုလူ၏ မျက်နှာရှိ ခက်ထန်မှုနှင့်အတူ အေးစက်မှုတို့သည် ပတ်ဝန်းကျင်တစ်ခုလုံးကိုပါ အေးစက်ခြင်းအထိအတွေ့ကို ခံစားရစေသည် ။စက္ကန့်ပိုင်းခန့်ကြာပြီးနောက် ထမင်းစားခန်းထဲသို့ိ ကောင်မလေးတစ်ဦးနှင့် ကောင်လေးတစ်ဦး ဝင်လာကြသည် ။ ထို့နောက် လူကြီး၏ ညာဘက်နှင့် ဘယ်ဘက်တွင် ကိုယ်စီထိုင်လိုက်ကြသည် ။
လူစုံပြီးဆိုတာနဲ့ အိမ်တော်ထိန်းအဒေါ်ကြီးသည် ခွက်အလွတ်များထဲသို့
ကော်ဖီတို့ကို ထည့်ပေးလိုက်သည် ။
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......