" ခေတ် မင်း ထူးဆန်းတယ်လို့ မမြင်ဘူးလား..... "
" ဘာကိုလဲ ...... "
ရုံးပိတ်ရက်မို့ ခေတ်က အလုပ်ကိစ္စနဲ့ရှုပ်နေသော်လည်း ဖိုးသားသည် သွင်နှင့်တွေ့ဖို့ပြင်ဆင်လေသည် ။ ဆံပင်ကို ပုံစံသွင်းနေရင်း ရုတ်တရက်ဖိုးသားစကားကြောင့် ခေတ် လုပ်လက်စ အလုပ်တို့ကို ခဏရပ်ထားလိုက်သည် ။
" မနေ့က ဖုန်းပျောက်သြားတဲ့ ကိစ္စလေ .... ပြီးတော့ အိမ်သာမွာ ဝင်တိုက်မိတဲ့လူ .... "
" မင်းက ဘယ်လိုထင်လို့လဲ .... "
" မသိဘူးကွာ.... ရင်ထဲဘာလို့တစ်မျိုးကြီး ခံစားနေရမှန်းမသိဘူး..... လေးလံနေသလိုဘဲ .... "
" မင်းလျှောက်တွေးနေတာပါကွာ .... ဖုန်းပျောက်သွားလို့ အသစ်လည်း ဝယ်ပြီပြီးမှတ်လား .... အခုလည်း သွင်နဲ့တွေ့ဖို့ မသြားသေးဘူးလား..... "
" အေးပါကွာ.... ခုသြားတော့မယ် ... ခဏနေ မင်းအောက်ကိုဆင်းပြီး ထမင်းစားနော် ... "
" အေးပါကွာ.... "
ဒီနေ့ထိ အိမ်ကိုမပြန်သော ခေတ်ကို ဖိုးသားက သေချာမှာလေသည် ။ အခြားမဟုတ် ခေတ်က အားနာကာ ထမင်းစားဖို့ကို ဘုရင်တစ်ပါးလို့ ပင်နေရသည် ။
သွင်တစ်ယောက် လမ်းထိပ်တွင် ရပ်ကာ ကိုခွန်းနှင့်ပြောထားသော မက်ဆေ့တို့ကို ခေါက်တုံခေါက်ပြန် ဖတ်နေမိသည် ။ လမ်းထိပ်ကိုရောက်နေပေမယ့် ခုထိ တက္ကစီမငှါးရသေး ။ ကားမဝယ်ပေးသော ဖေဖေကို အပြစ်မတင်ရက် မိမိက လမ်းကြောင်းတွေသိပ်မသိ ။
ရုတ်တရက် မိမိအရှေ့တွင် ရပ်လိုက်သော တက္ကစီတစ်စီး ။ မိမိမငှါးပါဘဲ အလိုက်တသိရပ်လိုက်သောကြောင့် လူက ကြောင်အအ ။" အကိုလေး ..... တက္ကစီငှါးအုန်းမလား ခင်ဗျ.... "
ပြုံးရယ်စြာ လှမ်းမေးနေသော ထိုလူကြီး ။ ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်တော့လည်း မိမိကလြဲ အခြားသူရယ်မရှိ ။
" ကျွန်တော်ကို မေးတာထင်တယ် ..... "
" ဟုတ်ပါတယ် အကိုလေး..... တက္ကစီငှါးမှာ မှတ်လား......... "
" တက္ကစီ က ငှါးမွာတော့ ငှါးမွာဗျ... ဒါပေမယ့် ... "
" လာပါ အကိုလေးရဲ့ ဈေးလျော့ပေးပါမယ် .... "
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......