" ဒါတော့ ဖေဖေ မတရားဘူး......"
ထမင်းစားခန်းထဲတွင် ညိုဆက်သွင်အသံက ဟိန်းထွက်နေသည့်ထက် စူးရှနေသည် ။ ဒေါ်ဝေဝေက ထမင်းကို ခက်ရင်းဖြင့်ထိုးနေသော ညိုဆက်သွင် အမူအရာကိုကြည့်ပြီး ရယ်နေလေသည် ။ ဦးသွင်ခန့်သည် ပြန်လည်ချေပခြင်းမရှိဘဲ ထမင်းသာစားနေသည် ။
" မနေ့ကမှ ထိုင်းက ပြန်ရောက်တယ် ၊ မနက်ဖြန် ဖေဖေနဲ့လိုက်ခဲ့ရမယ် ......ဟူး......ဖေဖေက တကယ်မတရားဘူး......"
ဖြူလွှသောဆံနွယ်မ်ားက ကြည်လင်သောမျက်နှာနဲ့လိုက်ဖက်ညီနေသော်လည်း တွန့်ချိုးထားသော မျက်ခုံးတို့ကြောင့် ရယ်စရာကောင်းနေသည် ။ ထိုပြင် ပါးလွှားပြီး နီရဲနေသော နှုတ်ခမ်းတို့ကိုထော်ထားသည်မွာ စာကလေးနှုတ်ခမ်းဖြစ်နေသည် ။
" ထမင်းစားရင် စကားမများနဲ့ သွင် ၊ မနက်ဖြန် ဖေဖေနဲ့လိုက်ပြီး ကုမ္ပဏီကိစ္စတွေ လိုက်လေ့လာ...."
" မေလေး ဝိုင်းပြောပေးလေဗျာ......"
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဒေါ်ဝေဝေကို ညိုဆက်သွင် စစ်ကူတောင်းလေသည် ။
" ဟုတ်ပါတယ် အကိုရယ် သားငယ်လေးလည်း နားချင်မွာပေါ့......."
" ဝေဘာမှမသိပါဘူး ...မနက်ဖြန် မင်းလိုက်ကိုလိုက်ရမယ်......ဒါပဲ....."
" တကယ် ရူးချင်လာပြီ....."
ဆံပင်တွေကို လက်ဖြင့်ထိုးဖွရင်း ညည်းညူစွာပြောလေသည် ။
" ကိုဉာဏ်ကော မလိုက်ရဘူးလား......"
ညိုဆက်သွင်၏ ဇောတကတက်သော အမေးနှင့်အတူ ဘေးခုံတွင် ထမင်းစားလိုက် ၊ စာရေးလိုက်ဖြင့် အလုပ်ရှုပ်နေသော ဉာဏ်က ဒီတစ်ခါတော့ ခေါင်းထောင်လာသည် ။
" သား ဉာဏ်ပါ လိုက်ခဲ့ရမယ်......."
" ရေး.........."
" သားရောလား ဖေဖေ......."
မိမိကိုယ်ကို လက်ညိုးထိုးရင်း မေးလိုက်တော့ ဦးသွင်ခန့့်က ခေါင်းညိတ်ပြလေသည် ။ ညိုဆက်သွင်က ခုမှ ထမင်းကို တစ်လုပ်ပြီးတစ်လုတ် အဆက်မပြတ်စားလေသည် ။
" သား လိုက်လို့ မရဘူးလား ဖေဖေ......."
" ဘာဖြစ်လို့လဲ သား.....၊ ဖေဖေကတော့ လိုက်စေချင်တယ် ......"
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......