" သွင်...... ကိုယ်ဘက် လှည့်အုန်းကွာ..... "
" မလှည့်ဘူး...... ခင်ဗျားကို တစ်ခုဘဲမေးမယ်....ခင်ဗျားအခွေကို အစဖျောက်မလား ကျွန်တော်ကို ဖျက်မလား ပြော......"
တစ်ချက်လွှတ်ရာဇာသံ အလား မိန့်ဆိုလိုက်သည် သွင်ကြောင့် ဖိုးသား စိတ်ညစ်နေမိသည် ။ အသက်၁၈နှစ်မပြည်ခင်ထဲက မိမိစုဆောင်းလာခဲ့သော အခွေတို့သည် ယခုဆို အများအပြားရှိနေပြီဖြစ်သည် ။
ပါးပါးတောင် ရိုက်ချိုး ပြီး အမှိုက်ပုံးထဲထည့်ခဲ့သည်ကို ကာကွယ်နိုင်ခဲ့သော ဖိုးသားသည် သွင်စကားကို ငြင်းဆို၍ လုံးဝမရ ။ နိုင်ငံခြားသို့ သွားဖို့ ၅လဘဲ လိုတော့သည်မို့ ပြဿနာလည်းမရှာရဲ ။ တော်ကြာ စိတ်ကောက်ကာ မလိုက်မှာကို ကြိုတင်သိနေသည် ။
" သွင် ကိုယ်တောင်းပန်ပါတယ် မလွှင့်ပစ်လို့ မရဘူးလား...... "
အလယ်တွင် ခေါင်းအုံးများ ခြားထားသည်ကို ဖယ်၍ ဖိုးသားသည် သွင်ခါးကို ဖက်ကာဆိုသည် ။ သွင်က လက်တို့ကို ပယ္ချ၏ ။
" ဖယ် ကျွန်တော်ပြန်မယ် ခင်ဗျားနဲ့မနေဘူး...... "
ချက်ချင်း ကုတင်ပေါ်က ဆင်းနေသော သွင်ကို ဖိုးသား ဟန်တားမိသည် ။ အလုပ်ပိတ်ရက်လေး အိမ်သို့ လာလည်သော သွင်ကို ဖိုးသားက ပြန်ခွင့်မပြု ။
လွန်ခဲ့သောလကတည်းက နှစ်ယောက်သားကြားရှိ ဆက်ဆံရေးကို နှစ်ဖက်မိဘတို့အား ဖွင့်ပြောခဲ့လေသည် ။ အဖြစ်အပျက်အသီးသီးကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရသော မိဘတို့သည်လည်း မငြင်းဆန်ခဲ့ကြပါ ။
နောက်၅လအတွင်း နှစ်ယောက်သားနိုင်ငံခြားသို့သွားမည်ကိုလည်း နှစ်ဖက်မိဘတို့က ကန့်ကွက်ခြင်းမပြု ။
ယခုလည်း သွင်သည် ဖိုးသားအိမ်ကို လာလည်ပြီး အခွေတို့ကို တွေ့၍ လွှင့်ပစ်ခိုင်းခြင်း ဖြစ်သည် ။" သွင်ကလည်းကွာ ယောကျာ်းလေးဘဲ ဒါတွေနဲ့ ဘယ်ကင်းပါမလဲ့...... "
ဖိုးသားသည် ကျောပေးထားသောသွင်၏ ပခုံးကို မှီတွဲရင်း နွဲ့လျစွာ ဆိုလေသည် ။ သွင်သည် မာန်တင်းထားသော မျက်နှာပြင်အား တစ်ချက်လေးပင် အေလ်ာ့မေပးပါ ။
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......