Part-5

9.8K 778 85
                                    

" မဖြစ်နိုင်တာတွေ မင်းပြောနေတာရပ်တော့ ဖိုးသား ...ငါလုံးဝမယုံဘူး....."

ဆေးရုံမှနေခဲ့တဲ့တစ်လျှောက်လုံး ဒယ်ဒီမျက်နှာပျက်နေတာသိသော်လည်း ပုံမှန်အလုပ်ကိစ္စကြောင့်သာ ထင်ခဲ့သည် ။ တစ်ခါတောင် ဆေးရုံကိုမရောက်လာသော ဖိုးသားအကြောင်းပြချက်က ရယ်စရာကောင်းနေသည် ။

" မင်းကို ငါနားလည်တယ် ခေတ် ဒါပေမယ့် ဒီဖြစ်ရပ်တွေအကုန်လုံးအမှန်တွေပါ...."

" ငါမယုံဘူး ခုချက်ချင်း ဉာဏ်ဆီသွားမယ်......"

ဖြူလွှသောအနွေးထည်နှင့် ကားသော့ကိုယူပြီ အခန်းတံခါးဖွင့်လိုက်သည် ။ အကင်းမပျောက်သေးသည့်ကြောင့် ခေါင်းက မူးဝေနေသည် ။

" လွန်ခဲ့တဲ့နှစ်ပတ်ကပဲ မင်းတို့တွေ့နေကျ နေရာမှ ဉာဏ်ကသူကိုယ်ကို သက်သေသွားတယ် ခေတ်....."

အော်ပြောလိုက်သော ဖိုးသားအသံသည့် နှလုံးသားတစ်ခွင်၌ ကျယ်လောင်သောစကားသံဖြစ်သည် ။ ကျွန်တော်ကြားသည် ဒါပေမယ့် လုံးဝမယုံပါ ။ တဆစ်ဆစ်နာကျင်လာသော နှလုံးသားက လက်မခံပါ ။

" ငါမယုံဘူး ဉာဏ်အလောင်းကို ငါမတွေ့သရွေ မယုံဘူး..."

အခန်းထဲကို ပြန်ဝင်ကာ ဖိုးသားကိုအော်လိုက်သည် ။ ဒါမဖြစ်သင့်ဘူး မှတ်လား ကျွန်တော်ဆေးရုံတက်နေတဲ့ရက်အတွင်း ဉာဏ်က သူကိုယ်ကို သက်သေသည်တဲ့ ။

" အလောင်းကမတွေ့ပေမယ့် ကျန်ခဲ့တဲ့ပစ္စည်းတွေအရ ဉာဏ်ဆိုတာ သေချာနေတယ် ခေတ်......."

" မဖြစ်နိုင်ဘူး မင်းငါကိုညာနေတာ ငါ့ဉာဏ်နဲ့သွားတွေ့မယ်......."

" မရှိတော့ဘူး ခေတ် လွန်ခဲ့တဲ့ရက်ပိုင်းကပဲ အန်တီက သူတို့ငှါးနေတဲ့အိမ်ကို ပြန်အပ်ပြီ လုံးဝအစပျောက်နေတာ......"

" ငါ ဉာဏ်နဲ့သွားတွေ့မယ်........"

အော်ခေါ်နေသောဖိုးသားကို လစ်လျှူရှုကာ အောက်ထပ်ကိုဆင်းခဲ့သည် ။ မယုံကြည့်ဘူးလို့သာ ဘယ်လောက်ပင်ပြောပြော သူသေပြီဆိုတဲ့စကားနဲ့တင် ကျွန်တော်ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်အောင် နာကျင်နေသည် ။

" မင်း ဒါဘယ်သွားမို့လဲ ​ခေတ်လွန်းစေ"

အောက်ထပ်တွင် အဆင်သင့်ရပ်နေသော ဒယ်ဒီစကားကိုမဖြေဘဲ လျှောက်လှမ်းခဲ့သည် ။ အခုချိန်မွာ ဉာဏ်ကိုမတွေ့ရလျှင် ကျွန်တော်ရူးလိမ့်မည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now