" နင်ကြားခဲ့တာ အမှန်ပဲလား........"
" ဟုတ်ပါတယ် မမလေး သူဌေးကလွန်ခဲ့တဲ့ခြောက်နှစ်က ကိစ္စကို လုပ်ကြံမှုမှန်းသိသွားပါပြီ......"
" အာ .....ပြဿနာတော့ဖြစ်တော့မယ်......"
ခုတလော မိမိလုပ်သမျှကိစ္စအားလုံးသည် လြဲချော်နေသည် ။ အလြဲတချော်ဖြစ်နေတာထက် လွန်ခဲ့တဲ့ ၆နှစ်က ကိစ္စကို ခေတ်နှင့်ဒယ်ဒီသိလို့လုံးဝမဖြစ်ပါ ။
" ဒယ်ဒီက ဘာလို့အခုမှ အဲ့ကိစ္စတွေ အစဖော်နေတာလဲ........ဟာ ......စဉ်းစားစမ်း......."
မတည်မငြိမ်ဖြစ်နေသောစိတ်ကို ထိန်းချုပ်ဖို့ထက် ဒယ်ဒီကိုဘယ်လိုတားရမလဲသာ စဉ်းစားနေမိသည် ။ ဒယ်ဒီအကြောင်းကို ခေတ်ထက်မိမိကပိုသိသည် ။
" ဒယ်ဒီအနားကို ငါတို့ဘက်ကလူတစ်ယောက်ချထားလိုက် ၊ ပြီးတော့ ဟိုကလေးနဲ့ပက်သက်ပြီး သူအခုနေတဲ့နေရာ ၊ ဘယ်သွားတက်လဲ .....အာ.....အကုန်လုံးငါသိချင်တယ်...."
" ဟုတ်ကဲ့........."
" နင်တို့တွေ ဘာပဲလုပ်လုပ် အဓိကထားပြီး လုပ်ရမွာဘာလဲ......"
" သူေဌး နဲ့ အကိုလေး မသိဖို့ပါ............."
" အကယ်၍ ဒယ်ဒီနဲ့ခေတ်သာ တစ်စုံတစ်ခုသာသိခဲ့ရင် နင်တို့ကို ငါကိုယ်တိုင်သတ်ပစ်မယ် ........"
ခေါင်းငုံကာ အစီအရီရပ်နေသော သူတို့သည် သူမအတွက်ဆို သစ္စာရှိသောသူများသာဖြစ်သည် ။ လိုတာထက်စကားမပြောသော သူတို့သည် နှိုင်းရှုပ၏အမိန့်မှလွဲ၍ အခြားသူ၏အမိန့်ကိုမနာခံပါ ။
" ငါအခုအပြင်သွားမယ် .....ကားစီစဉ်ထား....."
" ဟုတ်ကဲ့ မမလေး......"
အရှေ့ကနေ လမ်းလျှောက်သည်တောင် ဖုန်းကြည့်မပျက်သော ထိုလူကြီး၏ကျောပြင်ကို ပတ်ဝန်းကျင်အားမေ့လောက်သည်ထိကြည့်နေမိသည် ။ သူဖုန်းထဲမွာ ဘာကြည့်နေလဲဆိုတာသိသည့် မိမိတော့ အထူးတလည်ပင် မမေးချင်တော့ပါ ။
" ငါ့နံပါတ်တွေမှတ်ထားတာ ရောကုန်ပြီ ၊ ငါဒီနေ့ဘယ်သူနဲ့ချိန်ထားပါလိမ့်....."
ရည်းစားတွေဘယ်လောက်ထားလဲမသိ ။ တစ်ခါတစ်လေကျရင် နာမည်တွေမှားလိုက် ၊ နံပါတ်တွေမှားလိုက် ဖြစ်နေသည့် ထိုလူကြီးကို ကြည့်ရင်း သူအစား မောသည် ။
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......