Part-26

7.8K 511 21
                                    

" ကျွီ ....... "

အရှိန်ဖြင့် ရပ်လိုက်သည့်ကြောင့် ကားက တုံခနဲ့ ။ စတီယာတိုင်ကို တင်းတင်းဆုပ်ရင် တလမ်းလုံး မောင်းလာခဲ့သော မိမိသည် ကားပေါ်မှဆင်းကာ အပေါ်ထပ်သို့ အလျင်အမြန်တက်ခဲ့မိ၏  ။

" သား အတော်ဘဲ သားတို့စေ့စပ်ပွဲအတွက် ဒယ်ဒီ အကုန် စီစဉ်ပြီပြီး..... "

" မမ နဲ့ သားက မောင်နှမအရင်း မဟုတ်ဘူး ဆိုတာ တကယ်ဘဲလား ဒယ်ဒီ ...... "

" ဘယ်လိုလုပ် ....... "

" ဖြေပေးပါ ဒယ်ဒီ .......!!! "

မျက်နှာပျက်သြားသော ဦးမင်းခေတ်၏ မျက်နှာသည် သိသာထင်ရှားနေဆဲ ။

" ဟုတ်တယ် ..... သား..... "

" ဘာလို့ သားကို မပြောပြခဲ့တာလဲ..... ဒယ်ဒီ ..... ၊ ဒယ်ဒီပြောတော့ သားသာ ဉာဏ်နဲ့လမ်းခွဲမယ်ဆို ဉာဏ်ကို ဒုက္ခမပေးတော့ပါဘူးဆို ၊ အခု ဉာဏ်ကို လုပ်ကြံတဲ့သူက မမနှိုင်း ဖြစ်နေတာကို ဒယ်ဒီ သိလား...... "

မြင့်တက်လာသော ခေတ်လွန်းစေ အသံသည် ဟိန်းထွက်လျှက် ။ လက်သီးဆုပ်ထားသည်မှာလည်း တင်းကျပ်စြာ ။

" သိတယ် သား..... "

တစ်ချက်ယိုင်သြားသော ခန္ဓာကိုယ်က နောက်မှာ စားပွဲမရှိလျှင် ယိုင်လဲသြားမွာ ကျိန်းသေသည် ။ အံဩခြင်းတို့က တဖန်ဖြစ်တည်လာသည် ။

" သိတယ် .....သိတယ်တဲ့လား.....ဒယ်ဒီ ....၊ ပြောရက်လိုက်တာ ...ဒယ်ဒီရာ .... "

" ဒယ်ဒီသိတာ မကြာသေးပေမယ့် အဲ့ကိစ္စတွေက ပြီးခဲ့တာမို့ မင်း နဲ့ သမီးနှိုင်းရဲ့ မင်္ဂလာပွဲကိုသာ အာရုံစိုက်ပါ ...... "

" မင်္ဂလာပွဲ ...........ကျွန်တော် နဲ့ မမနှိုင်း ရဲ့ ..... "

ပြောစရာတို့ အလျဉ်းမရှိတော့ပါ ။ နှုတ်ခမ်းဖ်ား၌ စကားလုံးတို့က ကျဆင်းနိုင်စွမ်းမရှိတော့ ။ ငယ်ငယ်တည်းက အစ်မတစ်ယောက်လို သဘောထားခဲ့သည့် မမနဲ့ ကျွန်တော်ရဲ့ မင်္ဂလာပွဲတဲ့ ။ အခြားသူလည်းမဟုတ် ဉာဏ်ကို လုပ်ကြံသည့် သူမကိုမှ ကျွန်တော်က လက်ထပ်ရမည် ...... ။

" ကျွန်တော် လက်မထပ်နိုင်ဘူး ဒယ်ဒီ....... "

" ခေတ်လွန်းစေ ....... !!! "

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now