Part-9

9.7K 737 57
                                    

ဧည့်သည်များလာလျှင် ထိုင်ရန် အစီအရီထားသော ဆိုဖာပေါ်တွင် ဖိုးသားတစ်ယောက် လဲလိုက် ၊ ထထိုင်လိုက် ၊ ခေါင်းခါလိုက်ဖြင့် တစ်ကိုယ်တည်း တွေးတောနေသည် ။ ထိုအခန်းထဲရှိ ခေတ်လွန်းစေသည်လည်း မိမိစားပွဲတွင်ထိုင်ကာ ဉာဏ်နဲ့တွေ့သည်နေ့က cctvမှတ်တမ်းကို ပြန်ကြည့်နေလေသည် ။

" ငါမြင်လိုက်တာ ဉာဏ် မှ ဉာဏ်အစစ်ပါ......"

ဒီတစ်ခါစိတ်ထဲတွင်ထိန်းချုပ်၍မရသောကြောင့် ဖိုးသားနှုတ်မှ တီးတိုးပြောမိသည် ။ ခေတ်လွန်းစေသည်လည်း မှတ်တမ်းကို ပြန်ကြည့်ရင်း မိမိကိုယ်တိုင်ထက်လျှင်မြန်သော စိတ်ဖြင့်တွေးတောနေမိသည် ။

" မင်းမှတ်တမ်းကိုကြည့်နေလို့ ဘာမှမဖြစ်လာဘူး ခေတ်......၊ ဒီတစ်ခါမင်းရော ငါရော သေချာမြင်လိုက်တာ ဦးသွင်ခန့်ရဲ့ သားက တကယ်ပဲဉာဏ်မှတ်လား......"

" သူက ဉာဏ်ဟုတ်တယ် ဒါပေမယ့် ........"

" ဒါပေမယ့် ဘာဖြစ်လဲ မြန်မြန်ပြောစမ်းပါ ခေတ်ရာ..."

" မသိဘူးကွာ ဉာဏ်ပုံစံကြည့်ရတာ ငါကိုသေချာမသိဘူးလို့ ခံစားနေရတယ် ....."

" အဲ့တာဟုတ်တယ် ငါကိုမမှတ်မိရင်တောင် မင်းကိုတော့ အနည်းဆုံးမှတ်မိရမယ် မဟုတ်ဘူးလား....."

ဖိုးသားနှင့် ခေတ်လွန်းစေနှစ်ယောက်လုံး စဉ်းစားရသည်မွာ ခေါင်းမီးတောက်နေသည် ။ ခေတ်လွန်းစေသည် မှတ်တမ်းကို ဖိုးသားကိုပြလိုက်သည် ။

" ဒီမွာ အဲ့နေ့က သူနဲ့ငါပထမဆုံးတွေ့တဲ့နေ့ ......၊ ပြီးတော့ သူလည်းငိုနေတယ် ၊ ငါနဲ့ဆုံပြီး ခဏလေးမှာတင် သူငိုတယ် အဲ့တာဘာကြောင့်လဲ .........ငါကိုမမှတ်မိဘဲနဲ့ သူဒီအတိုင်းတော့ မငိုဘူး......"

ပေါ်လွင်လှုပ်ရှားနေသော ဓာတ်လှေကားထဲက မှတ်တမ်းကိုပြန်ကြည့်ရင် ဖိုးသားစဉ်းစားရပိုခက်သွားသည် ။ ဉာဏ်ငိုသည် ဘာအကြောင်းအရင်းကြောင့် ဉာဏ်ငိုလည်း စဉ်းစားမရ ။ ပြီးတော့ ခေတ်ရော ၊ မိမိကိုယ်တိုင်ရောပါ ဉာဏ်ကမမှတ်မိ ။ ခုမှစတွေ့ဖူးသည့်ပုံစံဖြင့် ဟန်ဆောင်မှုကင်းမဲ့စြာ ဆက်ဆံသည် ။

" ငါကို ဦးသွင်ခန့်တို့ မိသားစုအကြောင်း အတိအကျစုံစမ်းပေးပါ ဖိုးသား......"

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now