" ဝေ လုံးဝခွင့်မပြုပေးနိုင်ဘူး အကို ....."
ဒေါ်ဝေဝေ ပြင်းထန်စွာငြင်းလေသည် ။ ဦးသွင်ခန့်သည် ဒေါ်ဝေဝေကို ဖြောင်းဖျသည် ။ သိုပေမယ့် ဆုံးဖြတ်ချက်သည် ပြောင်းလဲသွားခြင်းမရှိပါ ။
" ကဲ မောင်ခေတ်လွန်းစေ နဲ့ သားဉာဏ်ရော ထပါ ..."
ဧည့်ခန်းထဲတွင် ဒူးထောက်ထားသော ခေတ်တို့နှစ်ယောက်လုံး ဦးသွင်ခန့်စကားကြောင့်ထရပ်လိုက်ကြသည် ။ ဦးမင်းခေတ်ဆီက ပြန်လာပြီး ဒေါ်ဝေဝေဆီတွင် ခေတ်ခွင့်တောင်းနေခြင်းပါ ။
" သား.........မေမေအနားကို ပြန်လာစမ်း...."
ဆြဲထားသော ခေတ်၏လက်ကို ဥာဏ်က ပိုမိုတင်းကျပ်စြာ ဆုပ်ကိုင်လိုက်သည် ။ ဉာဏ်သည် ခေတ်၏နောက်ကွယ်တွင် နေ လိုက်လေသည် ။
" ဉာဏ်.....မေမေပြောတာကြားလား......မေမေအနားကိုပြန်လာလို့......."
ဒေါ်ဝေဝေသည် ခေတ်တို့နှစ်ယောက်တွဲထားသည့် လက်တို့ကို ဖြုတ်ချလေသည် ။ တင်းကျပ်စြာ ဆုပ်ကိုင်ထားသော လက်တို့သည် တင်းတင်းဆုပ်ထားလျှက် ပြုတ်ထွက်မသြားခဲ့ပါ ။
" တောင်းပန်ပါတယ် မေမေ ......"
တောင်းပန်သံဉာဏ်စကားအကြား ဒေါ်ဝေဝေလှုပ်ရှားမှုတို့ရပ်ကုန်သည် ။ ဉာဏ်ကိုသေချာစွာကြည့်ရင်း ရင်နာနေသည် ။
" တောင်းပန်တာလား သား........ဟုတ်လား.....မေမေက သားတို့ကြားမှရှိတဲ့မကောင်းဆိုးဝါးမတစ်ယောက်ဖြစ်နေရင်ဖြစ်မယ် ...အဲ့ဒါတွေအကုန်လုံးက သားအတွက်.....သားအတွက်ပါ...."
ဉာဏ်၏လက်တို့ကိုဆုပ်ကိုင်ရင်း ဒေါ်ဝေဝေငိုလေသည် ။ ဉာဏ်သည်လည်း ဒေါ်ဝေဝေကို ကြည့်ရင်းငိုနေလေသည် ။
" ကျွန်တော်လည်း တောင်းပန်ပါတယ်.....အန်တီ.."
" မင်းပါးစပ်ပိတ်ထား မောင်ခေတ်လွန်းစေ ......အန်တီရင်ခွင်ထဲက သားကို ဆွဲထုတ်ဖို့ကြိုးစားနေတာတွေ ရပ်တန်းက ရပ်ပေးပါ....... မင်းနဲ့မေတ္တာမျှတာလေးနဲ့တင် င့ါသားကို မသေရုံတမယ်လုပ်ကြံတဲ့ မင်းတို့အသိုင်းအဝိုင်းထဲ ငါ့သားကို အပါခံမှန်းမယ် ထင်နေလား.....ခုလွှတ် ......ခုလွှတ် အန်တီသားလက်ကို မင်းလွှတ်လိုက်....."
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......