" ဟာ.......ချာတိတ် လက်ချက်ဘဲနေမှာ...."
အစီအရီမှတ်ထားသော မိမိcontactsထဲတွင် ထိုချာတိတ်ရဲ့ဖုန်းနံပါတ်မွာလြဲ၍ အခြားနံပါတ်တို့က ဗလာနတ္တိ ။ နံပါတ်မွား၍ ဆက်မိဆက်ရာ ပြောမိပြောရာ လုပ်ခဲ့သည့်ကြောင့် ရှိသမျှဘေဘီတွေနဲ့ပြတ်ကြရလေသည် ။
" တောက်........."
ကျယ်လောင်စွာထွက်ပေါ်နေသော ဖိုးသား၏တောက်ခေါက်သံအဆုံးတွင် ခေတ်လွန်းစေသည် အကြည့်တစ်ချက်လှုပ်ရှားလိုက်သည် ။
" မင်းကလည်းကွာ စိတ်ညစ်ပါတယ်ဆိုမှ .....ငူငူငိုင်ငိုင်နဲ့......"
လူကဒေါသထွက်နေပါတယ်ဆိုမှ စိတ်ပျက်ဖွယ် ထိုင်နေသော ခေတ်ကိုကြည့်ရင်း ပြောမိသည် ။ တစ်ပတ်လောက်မတွေ့ခဲ့သော ဉာဏ်ကိုဘဲ တမ်းတကာ ထိုသို့ဖြစ်နေခြင်းကို တဖြည်းဖြည်း အမြင်ကပ်လာသည် ။
" သူအမေ့မှသဘောမတူတာကွာ.....မေ့ပစ်လိုက် ၊ မင်းကို ငါ နောက်တစ်ယောက်ရှာပေးမယ်....."
" ဖိုးသား....မင်းကွာ ငါ့အကြောင်းလည်း မသိတာမဟုတ်ဘဲနဲ့......"
စိတ်ညစ်ဟန် ခေတ်စကားကြား မိမိပါ စိတ်မောမိသည် ။ သိလွန်းလို့ ဘာကူညီရမှန်းမသိတဲ့အထဲမွာ ခေတ်ကိစ္စက အဆိုးဆုံးဖြစ်သည် ။ ယခု ခေတ်ဖြစ်နေသောပုံကိုကြည့်ပြီး ဆယ်ကျော်သက်အရွယ်တုန်းက ဉာဏ်ကိုဖွင့်ပြောမည်နေ့ကိုတောင် သတိရမိသည် ။
အရာရာကို ဉာဏ် သူအား တစ်မျိုးထင်သွားမလားဆိုသောအတွေးတွေနဲ့ဘဲ ရှင်သန်နေသည် ။ အခုလည်းမတွေ့ရတာ တစ်ပတ်ဘဲရှိသေးသည် လူကငူငူငိုင်ငိုင်နဲ့ ။
" ဉာဏ်ကို တွေ့ချင်တယ်ကွာ......."
" သြားတွေ့ရအောင်လေ.......သူတို့အိမ်ရှေ့ထိ အခြေအနေကြည့်ပြီး သြားရအောင် အခြေအနေကောင်းရင် ဉာဏ်နဲ့တွေ့မှာပေါ့ကွာ......"
" ဖြစ်ပါမလားကွာ......."
" ခုမှကြောက်တက်ချင်ယောင်ဆောင်မနေနဲ့ လာ သွားမယ်......"
ခေတ်လက်ကိုဆွဲပြီး အဆင်သင့်ရှိနေသော ကားတွင် ထိုင်လိုက်ကာ မောင်းထွက်လာခဲ့သည် ။
" အိမ်ကြီးက အဲ့လောက်တိတ်ဆိတ်နေတာ မဟုတ်သေးဘူးမှတ်လား ခေတ်......"
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......