မိုးတွေတဖွဲဖွဲရွာသည်မို့ ပြတင်းပေါက်မှန်သားပေါ်တွင် ရေစီးကြောင်းလေးတို့ ဖြစ်ထွန်းနေသည် ။ ဆေးနံများတည်ရှိသော ထိုအခန်းသည် ကျွန်တော်နဲ့ အလွန်ရင်းနှီးနေပြီ ဖြစ်သည် ။သတိရရချင်း တွေ့ချင်သည်က ကိုကို ။ သို့ပေမယ့် သတိရသည့်နေ့မှစ၍ အရိပ်အရောင်ပင်ဟူ၍ မတွေ့ရ ။ မေမေကို မေးသည်မွာ ဘာမှမထူးခြားသည်မို့ ဖေဖေနှင့့်သွင်ကိုမေးတော့လည်း မထူးခြားပေ ။
စားပွဲပေါ်တွင် တင်ထားသော ပြက္ခဒိန်ဆီအကြည့်ရောက်မိတော့ ချက်ချင်းသတိရမိသည့်က ကျွန်တော်တို့ရဲ့ မင်္ဂလာနေ့ရက် ။ ကျော်လွန်နေသည်မွာ တစ်ရက် ၊ နှစ်ရက်မကတော့ ........ဟုတ်သားဘဲ ကျွန်တော် ထို့နေ့က ဆေးရုံတက်ခဲ့ရသည်လေ ။
လြဲချော်ခြင်းအထပ်ထပ်ကို ပြန်မြင်ယောင်မိတော့ မျက်ဝန်းတို့၌ မျက်ရည်တို့ ဖြစ်တည်ကုန်သည် ။ ပါးပြင်ပေါ် မကျဆင်းခင် မျက်နှာကျက်ကို မောကြည့်သည့် ရည်ရွယ်ချက်က မျက်ရည်တို့ပျောက်ပရန်ဖြစ်သည် ။
" ဉာဏ်........"
ဘယ်အချိန်ထဲက အခန်းထဲရောက်နေသည့်မသိသည့် ကိုခွန်းသည် အခန်းဝ၌ မတ်တပ်ရပ်နေဆဲ ။ သို့သော် မျက်နှာတော့ မကောင်း ။
" ဝင်ခဲ့လေ ကိုခွန်း......"
ဘယ်သူမှာမရှိသည့် ဒီအခန်းထဲ၌ ကိုခွန်းနှင့် ကျွန်တော်အသက်ရှုသံသာ ရှိသည် ။
" ခေတ် ပေးလိုက်တာ ........"
လက်ထဲက ပန်းစည်းကို မိမိလက်ထဲထိုးပေးလိုက်သည့်နှင့် အလိုက်တသိပင် ယူလိုက်သည် ။ ရင်ခွင်ထဲရှိ နှင်းဆီဖြူတွေက ထည်ဝါစြာ သင်းပျံသည် ။
" ကိုကိုရော.........? "
ချက်ချင်းမျက်နှာပြတ်သြားသော ကိုခွန်းမျက်နှာသည် အဖြေတစ်ခုအဖို့ လုံလောက်သည် ။
" အရမ်းချစ်တယ် "
ဆိုတဲ့ စာရွက်ပေါ်ရှိ ကိုကိုလက်ရေးလှလှနှင့်တွဲဖက်ထားသော စာရွက်ကလေးကိုတော့ သေချာဖတ်လိုက်ရသည်လေ ။" ဉာဏ် ခေတ်က စင်ကာပူကို အလုပ်ကိစၥနဲ့ ခရီးသြားနေတယ် ၊ အလုပ်ကိစ္စကအရမ်းအရေးကြီးလို့တဲ့ ...."
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......