Part-12

8.7K 654 68
                                    

နာရီကိုတစ်ချက်ကြည့်ရင်း ပြုံးမိသည် ။ နှုတ်ခမ်းလေးတွန့်ချိုးရုံ သူမအပြုံးသည် မြင်သူအဖို့ အန္တာရယ်ရှိလှသည် ။ အသက်၃၀ပင်ရှိသော်လည်း သူမအလှသည် လှပသည်ထက် ပို၍ပြည့်စုံသည် ။

နာရီတကြည့်ကြည့်ဖြင့် မျက်နှာတွင်ပေါ်လွင်နေသော အပြုံးသည် ဖုံးဖိမရပါ ။ ဒီနေ့တွင် ရှားရှားပါးပါး အချိန်ရသည်မို့ ခေတ်နှင့်နေ့လည်စာ တူတူစားရန် စီစဉ်ထားလေသည် ။ အလုပ်ကိစ္စဖြင့် ကိုယ်စီရှုပ်နေသည်မို့ နှစ်ယောက်သားဆုံရသည်မွာ မနက်စာ စားသည့်အချိန်တစ်ချိန်သာ ဖြစ်သည် ။ အခုတော့ သူနှင့်အတူ ရှိရမည်ဆိုသောအသိကြောင့် ရင်ထဲလှိုက်ခနဲ့ ။

"ခဏ........ခဏ.............."

ပိတ်ခါနီးဆဲဆဲ လူတစ်ယောက်ဟန့်တားသံကြောင့် စောင့်နေလို်က်သည် ။ ထိုလူဝင်လာသည်နှင့် ကိုယ်သွားချင်သည့် အထပ်ခလုတ်ကိုနှိပ်လိုက်သည် ။

" ဟာ........"

လမ်းတွင် ခေတ်ကိုလက်ဆောင်ပေးရန်အတွက် ယူလာသော လက်ဆောင်ဘူးလေးသည် အောက်ကိုပြုတ်ကျသြားလေသည် ။ မိမိ မကောက်ရသေးခင် အတူပါလာသော ထိုလူက ဦးစြာကောက်လိုက်သည် ။

" အစ်မပစ္စည်းလေး..........."

" ကျေးဇူး.........."

ပစ္စည်းဘူးလေးကို ယူပြီး ထိုလူမျက်နှာကိုကြည့်ကာ ပြုံးပြရန် ရည်ရွယ်သော်လည်း ဟန်မဆောင်နိုင်စြာ အပြုံးတို့ ရပ်တန့်ကုန်သည် ။ ထိတ်လန့်ကာ နောက်ကို ဆုတ်ခွာမိသည့်အထိ ဖြစ်၏  ။

" အစ်မ ခင်ဗ်ာ .....အဆင်ပြေရဲ့လား....."

သူရှေ့ကိုတိုးကာ မေးလိုက်သည်နှင့် မိမိပါ နောက်ကို တစ်လှမ်းဆုပ်မိသည် ။ ကျောနောက်ကခံစားလိုက်ရသည် အေးစက်မှုက ဓာတ်လှေကားနံရံလား ၊ မိမိကိုယ်မှလား မသိအောင် ကြောက်စရာကောင်းလှသည် ။

" ပြေ ......ပြေတယ်......."

မေ့ထားခဲ့တာကြာပြီဖြစ်သော အတိတ်တို့က စိတ်အစဉ်ထဲပြန်ပေါ်လာသည် ။ နီးစပ်ရာ ခလုတ်တစ်ခုကိုနှိပ်လိုက်သည်နှင့် ပွင့်သြားသောတံခါးမှ ထွက်လိုက်သည် ။ လက်ထဲတွင် ရှိသော ပစ္စည်းဘူးလေးကို တင်းကျပ်စွာဆုပ်ကိုင်ရင်း မိမိကိုယ်ကို ထိန်းချုပ်လိုက်သည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now