Part-22

7.6K 554 59
                                    

လက်တွင်ပေနေသော သွေးတို့ကခြောက်ကပ်ကုန်သည် ။ အကျီတွင်ပေကျံနေသော သွေးတို့သည်လည်း ထိုနည်းတူသာ ။ ဝင်လိုက်ထွက်လိုက်နဲ့ ရှုပ်ယှက်ခတ်နေသော ဆရာဝန်မ်ား၏ပုံစံက ကျွန်တော်ကို ပိုပြီးရူးသွပ်စေသည် ။ အချိန်ပြည့် ဝေ့ဝဲနေသော မျက်ဝန်းတို့က ဖွင့်ထားသည်တောင် မျက်ရည်တို့ ကျဆင်းနိုင်စွမ်းမရှိတော့ ။

" အဆင်ပြေသွားမှာပါကွာ......"

မိမိဘေးတွင် တူတူရပ်စောင့်နေသော ဖိုးသား၏အားပေးမှုကို ခေါင်းသာညိတ်ပြလိုက်သည် ။

" အင်း..........."

ပြည့်အိုင်နေသော မျက်ရည်တို့ မျက်ဝန်းမွာ မကျဆင်းခင် မိမိလက်ဖဝါးနှစ်ဖက်ဖြင့် ပိတ်ပင်တားဆီးလိုက်သည် ။ ကျွန်တော်တို့၏ခံနိုင်ရည်ကို စမ်းသပ်နေတာလားဟုပင်ထင်မိသည် ။

လြဲချော်နေတဲ့ ကံကြမ္မာရှေ့မှာ ကိုယ်တို့နှစ်ယောက် တိုက်ဆိုင်စြာ ရပ်ခဲ့မိတယ် ထင်တယ် ဉာဏ်.......

" သား............သား.......ဘယ်မွာလဲ........"

ဆေးရုံဝန်းတစ်လျှောက် ဒေါ်ဝေဝေသည် ဉာဏ်ကိုသာ အော်ခေါ်မိသည် ။ ပါးပြင်ပေါ်တွင် မျက်ရည်တို့က သူမဘယ်လောက်ပူလောင်နေလဲဆိုတာ သက်သေပြနေသည် ။

" ဉာဏ်က ခွဲစိတ်ခန်းထဲမွာပါ အန်တီ......."

ခွဲစိတ်ခန်းရှေ့တွင် ရပ်နေသော ကျွန်တော်ကိုခုမှ တွေ့ဟန် အနားသို့လျှောက်လာခဲ့သည် ။ အနောက်တွင်ပါလာသော ဦးသွင်ခန့်နှင့်သွင်ကို သေချာမြင်လိုက်ပါသည် ။

" မင်းက မကောင်းတဲ့အကောင် "

" ဘုတ်......"

ကျွန်တော်ကို သူမပါလာသော ပိုက်ဆံအိတ်တို့ဖြင့် ငိုယိုရင်းရိုက်လေသည် ။ နာနာကျင်ကျင်နဲ့ငိုနေသော သူမသည် ကျွန်တော်ကိုရိုက်မွာ ကျေနပ်မယ်ဆို ကျွန်တော်ခံယူရဲသည် ။

" ​ဝေ တော်တော့လေ....အခု ဆေးရုံမှာလေ"

" ဟင်းအင့် .......အကို ........သားလေး ......သားဉာဏ်အခု .........ဟင့်......."

တုန်ရီပြတ်တောက်သြားသော သူမစကားတို့၏ အဓိပၸါယ်ကို ကျွန်တော်သိသည် ။ ကျွန်တော်ရှေ့တွင် ဝင်ကာပေးသော အန်ကယ်လ်ကို အန်တီကကျော်လွန်၍ ကျွန်တော်ရှေ့တည့်တည့်ရပ်လေသည် ။ ကျွန်တော်ရင်ဘတ်ရှိ အင်္ကျီစကို တင်းကျပ်စြာ ဆုပ်ကိုင်ရင်း သူမမေးလေသည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now