Part-4

9.8K 734 104
                                    

ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေသကဲသို့ လေတွေလည်း တိုက်ခတ်နေသည် ။ ခြေဆစ်နားတွင်  အမာရွတ်ရှိသော ကောင်လေးက တံတား၏အစွန်းဆုံးသို့လျှောက်လှမ်းနေသည် ။ တုံဆိုင်းခြင်းမရှိ ၊ ကြောက်ရွံခြင်းမရှိဖြစ်သည် ။ လေတစ်ချက်အလွှင့်မှာ သူဆံပင်တွေ စည်းချက်ညီညီ စီးမျောနေသည် ။

တံတားအစွန်းမှာရှိနေသည့်ကောင်လေးက အခုထိ ကျွန်တော်ကို ကျောခိုင်းနေဆဲ ။သူအင်္ကျီအဖြူရောင်ပေါ် ကျဆင်းလာသော သွေးစက်တို့ကြောင့် ကျွန်တော်အလန့်တကြားသေချာကြည့်လိုက်သည် ။ သူခေါင်းကသွေးတွေစီးကျနေသည် ။

သူကို ကူညီချင်ပေမယ်လည်း ကျွန်တော်သည် ရပ်နေရာမှ ခြေတစ်လှမ်းတောင်မခွာနိုင်ခဲ့ပါ ။ လှမ်းလို့မရသည်ဆို ပိုမှန်ပါလိမ့်မည် ။ သူသွေးတွေမြင်လိုက်သည့်အချိန်တွင် ကျွန်တော်နှလုံးသား တဆစ်ဆစ်နာကျင်လာရသည် ။

" ကိုကို......"

သွေးများစီးကျလျှက် ကျွန်တော်ဘက်သို့လှည့်လိုက်သည့် ကောင်လေး၏မျက်နှာကြောင့် အလွန်မှင်သက်မိသည် ။ နှလုံးသားထဲက နာကျင်မှုကြောင့် ကျွန်တော်ပါးပြင်တွင် မျက်ရည်တို့ထိတွေ့နေသည် ။

" ဉာဏ်....."

သူမျက်နှာပေါ်တွင် ကြည့်လဲသော မျက်ရည်တို့ကို ပြတ်သားစွာ ကျွန်တော်မြင်နေရသည် ။ လက်နှစ်ဖက်ကို ဆန့်တန်းလျှက် သူက နာကျင်စွာ ပြုံးပြနေသည် ။

" ဉာဏ် ဘာလုပ်နေတာလဲ ကိုကိုခွင့်မပြုဘူးနော် လာပါ ကိုကိုဆီ ပြန်လာခဲ့နော်....."

အခုချိန်တွင် သူကိုဟန့်တားချင်သည် ။ နာကျင်နေသော သူကိုထွေးပွေ့ထားပြီး သွေးများတိတ်အောင် လုပ်ပေးချင်သည် ။

" ကိုကို ကို ဉာဏ် အရမ်းချစ်တယ် ...."

" ဉာဏ်........!!!...."

ထထိုင်လိုက်သည်နှင့် ပထမဆုံးမြင်ကွင်းထဲဝင်ရောက်တာက လက်ပေါ်တွင်တည်ရှိနေသော ချွေးများ၊ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ မိမိအခန်းဖြစ်နေသည် ။ နဖူးစပ်မှကျဆင်းသွားသော ချွေးများက တစ်ကု်ယ်လုံးကို ပင်ပန်းစေသည် ။

နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )Where stories live. Discover now