အလုပ်ပိတ်ရက်လေး အပြင်ထွက်ဖို့ ပြင်မိပါသည် ။ မနေ့က ဖြစ်ခဲ့တဲ့ကိစ္စနဲ့ပက်သက်ပြီး အိမ်မှာအကျယ်ချုပ်မိနေသည် ။ TV ဖွင့်ထားပြီ မိမိတို့၏အကြည့် ထိုနေရာမှမဟုတ် ။ ရင်ခွင်ထဲရှိ ခေါင်းအုံးကို တင်းကျပ်စြာ ဖက်ရင်း သေသပ်စြာခေါက်ထားသော စောင်ကို ခေါင်းထိ ခြုံလိုက်သည် ။" ဟာ...... ဘာတွေလဲကွာ........"
တွေးရင်း တွေးရင်းနဲ့ကို ဒေါသထွက်မိသည် ။ ယောကျာ်းလေးတစ်ယောက်ဆီက ရည်းစားစကားအပြောခံရမည်လို့ ဘယ်သောအခါမှ မတွေးမိခဲ့ ။ စိတ်ရူးပေါက်ရာ လေနှင်လိုက်တော့ ထိုနေ့က ချာတိတ်ရဲ့မျက်နှာသာ မိမိမျက်လုံးထဲပေါ်လွင်လာသည် ။
" ဖိုးသား ...... မင်းတကယ်ချစ်တာ နှိုင်းရူပဘဲ ......သူက လွဲပြီး အခြားတစ်ယောက်ကို မင်းဘယ်တော့မှ မချစ်ဘူး .......ဝင်စမ်း .....ခေါင်းထဲကို အဲ့စိတ်တွေဘဲ ဝင်စမ်းပါ...."
ငယ်ငယ်လေးကတည်းက ချစ်ခဲ့သော မမနှိုင်းသည် ယခုထိ မိမိစိတ်ကို လွှမ်းမိုးနိုင်စွမ်းရှိလှသည် ။ ငယ်ငယ်ထဲက မိဘချင်း စီးပွားဖက်ဖြစ်သည့်အလျှောက် နှစ်အိမ်တစ်အိမ်လို့နေထိုင်ခဲ့ကြသည် ။ မိမိဘက်ကသာ ကြိုက်နေသော မမနှိုင်းက မိမိကို တစ်ခါမှ ဂရုမစိုက်ဘဲ သူအလုပ်တွေနဲ့သာ သူရှုပ်နေခဲ့သည် ။
" ဟူး ............ငါ စိတ်တွေ ဘာဖြစ်နေတာလဲကွာ ...."
ထထိုင်လိုက်ကာ ကုတင်ပေါ်တွင် ရှိသမျှပစ္စည်းတွေကို လွင့်ပစ်မိသည် ။ ခေါင်းအုံးကိုလည်း စိတ်ရှိလက်ရှိအားဖြင့် ပစ်လိုက်လေသည် ။
" ......အ့.....ဟေ့ရောင် ဖိုးသား........"
ခေါင်းအုံးစာမိသြားသော ခေတ်သည် ကျနေသော ခေါင်းအုံကို ပြန်ကိုင်ရင်း ကုတင်အနီးသို့ သြားလေသည် ။
" ဆော်ရီးကွာ.....ငါနည်းနည်းညစ်နေလို့......."
" ဘာလဲ ....အန်ကယ်လ်က မင်းကို အိမ်အပြင်မထွက်ခိုင်းလို့လား......"
" ဟုတ်တယ် ......."
ဖြစ်နေတာနဲ့ တျခားစီ ခေတ်ကို ပြောပြလိုက်သည် ။ ဒီနေ့မှ ထူးထူးခြားခြား ကျွန်တော်တို့ အိမ်ကို ခေတ်လာလည်ခြင်းဖြစ်သည် ။ အရင်တုန်းကဆို မေမေနှင့် ဖေဖေ ထမင်းစားဖို့ခေါ်ရင်တောင် မလာခဲ့ပေ ။
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......