" အပြင်ပိုင်းက ဒဏ်ရာတွေကိုတော့ ကုသပြီးပါပြီ ဒါပေမယ့် လူနာက အတော်ရုန်းကန်ခဲ့ရတယ် ထင်တယ် ..... အခုတို့ ကျွန်တော်တို့ လူနာအခြေအနေကိုဘဲ စောင့့်ကြည့်နေတာ ကောင်းမယ် ထင်ပါတယ် "
ဆရာဝန်ရဲ့စကားတို့ကြောင့် ဦးသွင်ခန့် အနောက်၌ ရှိသော နံရံကို အားပြုကာ မှီရပ်လိုက်ရသည် ။ ။ သားဖြစ်သူ၏လည်ပင်း၌ ရှိသော အနီရောင်အမှတ်အသားတို့ကိုကြည့်ရင်း ဦးသွင်ခန့် စိတ်တို့ကျဆင်းကုန်သည် ။
ကုတင်ပေါ်၌ ဖြူဖျော့စွာလှဲနေသော သွင်၏ပုံစံကိုကြည့်ရင်း ဝဲတက်လာသော မျက်ရည်တို့ကို မဟန့်တားမိ ။ တပ်ဆင်ထားသော မျက်မှန်ကိုချွတ်လိုက်ပြီး မျက်ရည်တို့ကို သုတ်လိုက်သည်။
" သား........ "
မျက်လုံးတို့ကို မှိတ်ထားသော သားဖြစ်သူသည့် မိမိစကားကို ကြားနိုင်စွမ်းမရှိသော်လည်း တိုးတိုးလေး ခေါ်မိသည် ။ ဆေးသွင်းထားသော လက်ကို ဆြဲယူကာ ဆုပ်ကိုင်ထားမိသည် ။ ပါးနှစ်ဖက်၌ ထင်းရှားနေသော လက်ငါးချောင်းအရာကို ကြည့်ရင်း ရင်ထဲက အတိုင်းမသိ ဝမ်းနည်မှုက သိသိသာသာတိုးဝင်လာ၏ ။
" ဖေဖေ ......... "
သီးသန့်ခန်းဖြစ်သည့်အလျှောက် အပြေးဝင်လာသော ဉာဏ်ခြေလှမ်းအစုံတို့သည် ကုတင်ပေါ်၌ လဲလျောင်းနေသော သွင်ကိုမြင်မှ ရပ်တန့်၏ ။ ထောင်တစ်ခုစီတွင် ရပ်နေကြသော ဖိုးသားနှင့် ဒေါ်ဝေဝေတို့သည်လည်း လုံးဝမျက်နှာမကောင်းပါ ။
" ဘယ်လိုများ လုပ်ရက်ကြတာလဲဗျာ......"
နှုတ်ခမ်းသားတို့ကပေါက်ပြဲ၍ မျက်နှာတစ်ခုလုံးသည် ရှိုက်ချက်တွေကြောင့် ညိုမဲနေကြသည် ။ ထိုအခြေအနေကြည့်လိုက်သည် ဉာဏ်ရင်ထဲမချိ။
" ဘာတွေဖြစ်ခဲ့တာလဲ ဖိုးသား..... "
ဖိုးသားသည် သွင်ကို တစ်ချက်ကြည်ရင်း ခေါင်းခါသည် ။ တွေ့ခွင့်ရသော ထိုမြင်ကွင်းတို့ကို နှုတ်မွာပြောမထွက် ။ ရုန်းကန်နေသော သွင်ပုံရိပ်တို့ကို ပြန်မြင်ရင်း တဆစ်ဆစ် နာကျင်မှုက ဘယ်အရာနဲ့မှ နှိုင်းယှဉ်၍မရ ။
" အဲ့ကောင်တွေကွာ သွင်ကို ........ အကြမ်းဖက် ... "
" မမခိုင်းတာဘဲလား..... "
YOU ARE READING
နှလုံးသားစီရင်ခန်း (နှလုံးသားစီရင်ခန်း )
Romanceရွေးချယ်ခွင့်မရှိတဲ့ နှလုံးသားမို့ ......